သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ


ုမြန်မာသမ္မတ ဦးသိန်းစိန်။ (ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၂)။
ုမြန်မာသမ္မတ ဦးသိန်းစိန်။ (ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၂)။
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။

အောက်တိုဘာလ ၁ ရက်နေ့အထိ သီတင်းတပတ်ကျော်ကြာ ခရီးစဉ်အတွင်းမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖြစ်မယ် လို့လည်း မျှော်လင့်ရပါတယ်။ နယူးယောက်မြို့မှာ ရှိနေစဉ် Asia Society Institute မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။

သမ္မတ ဦးသိန်းစိန် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အမေရိ ကန် ပြည်ထောင်စုမှာ ခရီးသွားလာခွင့်ကို ကန့်သတ် တားမြစ်ထားတာကို ဖယ်ရှားပေးခဲ့တာ ဖြစ် သလို ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း အမေရိကန်မှာ စီးပွားရေး လုပ်ကိုင်ခွင့် နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ် ပိတ်ပင်ရမယ့် အထူးပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးထားပါတယ်။

အမေရိကန် ခရီးစဉ် မတိုင်မီမှာတော့ သမ္မတ ဦးသိန်းစိန် ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ တာဖြစ်ပြီး ဒုတိယ သမ္မတ ရှီကျင်းပင်အပါအဝင် တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင် တချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ တရုတ်နိုင်ငံ ခရီးစဉ် အတွင်းမှာပဲ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ယန်လင်း စိုက်ပျိုးရေးနဲ့ သစ်တော တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း လက်ခံရယူခဲ့ပါတယ်။
XS
SM
MD
LG