သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိန္နီနယ်သား ၁၆ ဦးအဖမ်းခံရ


MNDAA တပ်ဖွဲ့ဝင်များ
MNDAA တပ်ဖွဲ့ဝင်များ

စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်က ဒေသခံရွာသား (၁၆)ဦးကို လက်နက်ကိုင်တွေ ဖမ်းဆီးသွားတာသီတင်းတပတ်နီးပါးရှိလာတဲ့အထိ သတင်းမကြားရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ကိုးကန့် တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတာလို့ သံသယရှိနေကြတဲ့ အတွက်လည်း ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း၊ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကသတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းသိန္နီမြို့နယ်အစပ် ဟိုမန်းကျေးရွာသား (၁၆) ဦးကို လက်နက်ကိုင်တွေဖမ်းဆီးသွားခဲ့တဲ့ ပြီးခဲ့တဲ့ တပတ်ကစလို့ အခုအချိန်အထိ သတင်းအစအန မကြားရသေးပဲ ဖြစ်နေတာပါ။ ဒေသခံဟိုမန်းရွာသား တဦးကတော့ ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်တွေဟာ MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“(၃)လ(၁၄)ရက်နေ့မှာ မနက်စောစော (၇)နာရီအချိန်က ကိုးကန့်အဖွဲ့ပါ ဝင်လာပြီးတော့ကာ တရွာလုံးကို ရှိသမျှ ယောကျ်ား တွေအားလုံးခေါ်ပြီးတော့ ဒီအတိုင်းခေါ်သွားတယ်လေ။ ကျွန်တော်တို့ဟိုမန်းရွာထဲမှာ(၁၆)ယောက်။ ကျွန် တော်တို့ မြောင်ဇီး လူမျိုးက(၆)ယောက် တရုတ်ကအဖွဲ့တွေ(၈)ယောက် ပလောင်(၂)ယောက်။ ကျွန်တော်သား တယောက်ပါသွားတာ။ ကျွန်တော် သားနံပါတ်(၂)ပါသွားတာ။ ဘယ်မှာရောက်နေလဲ ကျွန်တော်လဲမကြားဘူးဗျ။”

ဒေသခံတွေကတော့ ဖေဖေါ်ဝါရီလလယ်တုန်းက ကိုးကန့်တပ်ဖွဲ့ဝင်တချို့ထိခိုက်မှုတွေကြုံခဲ့ရတဲ့ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ကိုးကန့်တပ်ဖွဲ့တို့ အကြားတိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခဲ့ပုံရတယ်လို့လည်း ယူဆ နေကြပါတယ်။

" (၂)လပိုင်း (၁၅)ရက်နေ့မှာ ဒီကိုးကန့်အဖွဲ့က မနက်စောစောကဝင်လာတယ်။ ဝင်လာပြီးတော့တနာရီကနေနှစ်နာရီ တပ်မတော်ကနေဝင်လာပြီးတော့ တိုက်ပွဲတွေ အဲဒီတော့ ထိခိုက်တော့မရှိပါဘူး။ သူတို့ပစ္စည်းတွေချသွားတယ်။ ကျော ပိုးအိတ်တွေချသွားတယ်။"

ဒီလိုတိုက်ပွဲဖြစ်ပွါးရတာဟာ ဒေသခံကျေးရွာသားတွေကနေ တပ်မတော်ဝင်ရောက်လာတာကို သတင်းမပေးခဲ့လို့ ဆိုပြီး ကိုးကန့်တပ်ဖွဲ့ ကနေ ထင်မြင်မှုတွေရှိနေတယ်လို့ဒေသခံတွေက ယူဆနေကြတာပါ။ ဒီလိုရွာသားတွေဖမ်းဆီးခံရတဲ့အပေါ် ဒေသခံတပ်မတော်အဖွဲ့ကနေလာရောက်မေးမြန်းမှုတွေရှိနေခဲ့တယ်လို့ ဒေသ ခံ တွေကပြောပါတယ်။

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံထားရတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ တစုံတရာ တုံ့ပြန်တာမျိုး မရှိသလို၊ ကိုးကန့် အဖွဲ့တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

တခြားမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ တစုံတရာ မသိရှိကြောင်း ပြန်ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

"အဲဒီလိုမျိုးတော့ကျွန်တော်မကြားမိဘူး။ အဲဒီရွာနဲ့အဆက်သွယ်မရှိဘူး။"

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီကတော့ ကိုးကန့်တပ်ဖွဲ့ MNDAAလက်ချက်လို့ သံသယရှိနေ တဲ့ ဖမ်းဆီးမှုအပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

"ဖမ်းတဲ့အကြောင်းအရင်းကို ကျွန်မတို့မသိဘူးရှင့်။ ဖမ်းသွားတာတော့သိတယ်။ သူတို့မြောက်ပိုင်းမဟာမိတ်တပ်က MNDAA တွေပေါ့နော်။ သူတို့ရဲ့နယ်မြေလဲမဟုတ်ဘူး။ ကျွန်မတို့ရွာသားတွေကိုလာပြီးတော့မှ ဘာအကြောင်းကြောင့် ဘဲဖမ်းဖမ်းပေါ့နော်။ ဒါကတော့မဖြစ်သင့်ဘူးပေါ့ရှင်။ တပ်သားအသစ်စုဆောင်းတာဘဲဖြစ်ဖြစ်။ ဒါကတော့လုံး၀ မလုပ် သင့်ပါဘုူးပေါ့။ အဲဒီလုပ်ရပ်ကို လဲကျွန်မတို့ ကန့်ကွက် ပါတယ်။"

ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့မှာဖြစ်ပွါးတဲ့ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ်အစပ်က ဟိုမန်းကျေးရွာသား ၁၄၀ကျော် ဟာလည်း သိန္နှီမြို့နယ်ကောင်းကော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းကို ထွက်ပြေးခိုလှုံနေခဲ့ရပါတယ်။

သိန္နီနယ်သား ၁၆ ဦးအဖမ်းခံရ
please wait

No media source currently available

0:00 0:02:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG