ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်သွားဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဆုံးဖြတ်ထားပြီး၊ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုမလဲ ဆိုတာကိုလည်း အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်နေတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
Damascus မြို့တော် ဆင်ခြေဖုံးအရပ်မှာ ဒီလ ၂၁ ရက်နေ့က တိုက်ခိုက်မှုအတွင်း အဆိပ်သင့်ဓာတ်ငွေ့တွေ အသုံးပြုခဲ့တယ်ဆိုတာ သံသယဖြစ်စရာကို မလိုတဲ့အကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကပြောဆိုခဲ့တာပါ။
နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရမှာ တာဝန်မကင်းကြောင်း အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အစီရင်ခံစာ တစောင်ကိုလည်း ဒီသီတင်းပတ်နှောင်းပိုင်း ထုတ်ပြန်သွားမယ့်အကြောင်း အိမ်ဖြူတော်
ပြောခွင့်ရက ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ရာချီသေဆုံးခဲ့တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကိုတော့ သူတို့လက်ချက် မဟုတ်ဘူးဆိုပြီး ဆီးရီးယားအစိုးရက ငြင်းဆန်ထားသလို၊ အတိုက်အခံ သူပုန်တွေကို အပြစ်ဖို့ထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) ကတော့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန်က အသင့်ရှိနေတဲ့အကြောင်း အင်္ဂါနေ့ အစောပိုင်းမှာပဲ ပြောဆိုထားတာပါ။