သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အီးယူနဲ့ညှိဖို့အစား တရားစွဲဖို့ ဗြိတိန်ဝန်ကြီးချုပ် ကန်သမ္မတအကြံပေးခဲ့


ဗြိတိန် ၀န်ကြီးချုပ် Thereas May အနေနဲ့ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး မဟာဗျူဟာ တစိတ်တပိုင်း အရ EU နဲ့ ညှိနှိုင်းနေမယ့် အစား ဥပဒေကြောင်းအရ တောင်းဆိုဖို့ အမေရိကန် သမ္မတ Donald Trump က အကြံပေးခဲ့ပါတယ်။

EU ကို တရားစွဲသင့်တယ်လို့ သူက ပြောပါတယ်၊ EU ကို တရားစွဲပါ၊ ညှိမနေနဲ့ တရားသာ စွဲလိုက်လို့ သမ္မတ Trump က ပြောဆိုခဲ့တယ်ဆိုပြီး ဗြိတိန် ၀န်ကြီးချုပ် May က BBC ရုပ်သံကို ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ Trump ပေးတဲ့ အကြံဥာဏ်ကို ဗြိတိန် ခေါင်းဆောင်က ထုတ်ဖော် ပြောဆိုလိုက်တာကြောင့် အမေရိကန် ခေါင်းဆောင် အနေနဲ့ ဗြိတိန် ၀န်ကြီးချုပ်ကို ဘယ်လို အကြံတွေ ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရက်ပေါင်းများစွာ မှန်းဆနေကြတာတွေ အဆုံးသတ်သွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက The Sun သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် သမ္မတ Trump က သူ့အနေနဲ့ ၀န်ကြီးချုပ် မေ ကို အကြံပေးခဲ့ကြောင်း၊ ဒါပေမယ့် သူမအနေနဲ့ မလုပ်ခဲ့ဘူးလို့ ဖြေကြားခဲ့တာပါ။ ၀န်ကြီးချုပ် May နဲ့ တွေ့ဆုံဆွေးနွေးပွဲ မတိုင်ခင် သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ၀န်ကြီးချုပ် မေ က သူ့စကားကို နားမထောင်ဘူးလို့ သမ္မတ Trump က ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က ဗြိတိန် ၀န်ကြီးချုပ်နဲ့ အတူ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ Trump က သူ ဘယ်လို အကြံပေးခဲ့သလဲ ဆိုတာ ထုတ်ဖော် မပြောပါဘူး။ ဒီအကြံက သိပ်ပြီး ရက်စက် ပြင်းထန်တာကို ၀န်ကြီးချုပ် မေ သိထားတယ်လို့ ထင်မြင်တဲ့ အကြောင်းတော့ သမ္မတ Trump က ပြောခဲ့ပါတယ်။

ဒီအကြံက သိပ်ပြီး ပြင်းထန်လွန်းတယ်လို့ ယူဆတာကို သူ့အနေနဲ့ အပြည့်အအ၀ နားလည်ကြောင်း၊ ဒါပေမယ့် တချိန်ချိန်မှာတော့ ဒီလို လုပ်လာနိုင်ကြောင်း၊ တဖက်က မှန်မှန်ကန်ကန် သဘောတူညီချက် တခု မလုပ်ခဲ့ရင်တော့ သူအကြံပေးတဲ့ အတိုင်း ၀န်ကြီးချုပ် မေ လုပ်လာနိုင်ပေမယ့် ဒါက လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးလို့လည်း သမ္မတ Donald Trump က ပြောဆိုခဲ့ပါတယ်။ EU ကနေ ဗြိတိန် နုတ်ထွက်ရေး ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရေးကိုလည်း မငြင်းဖို့ သမ္မတ Trump က တိုက်တွန်းခဲ့ပြီး ဒီလို လုပ်ရင် အခက်တွေ့မယ်လို့လည်း ပြောဆိုခဲ့ကြောင်း ဗြိတိန် ၀န်ကြီးချုပ် မေ က BBC ကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG