သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ အရှိန်လျော့


ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက အစိုးရဆန့်ကျင်မှုတွေ ဖယ်ရှားပေးသည့်အနေဖြင့် ထိုင်းရဲတပ်ဖွဲ့ဌာနချုပ် ဝင်ပေါက်နံရံပေါ်က နံရံဆေးရေးပန်းချီတို့ကို ၎င်းတို့ဖာသာ ပြန်လည်ဖျက်ပေးနေကြစဉ်။ (မတ်လ ၃၊ ၂၀၁၄)
ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက အစိုးရဆန့်ကျင်မှုတွေ ဖယ်ရှားပေးသည့်အနေဖြင့် ထိုင်းရဲတပ်ဖွဲ့ဌာနချုပ် ဝင်ပေါက်နံရံပေါ်က နံရံဆေးရေးပန်းချီတို့ကို ၎င်းတို့ဖာသာ ပြန်လည်ဖျက်ပေးနေကြစဉ်။ (မတ်လ ၃၊ ၂၀၁၄)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က အချက်အခြာ လမ်းဆုံတွေမှာ လနဲ့ချီ သပိတ်စခန်းတွေဖွင့်ပြီး အစိုးရ ဆန့်ကျင် ဆန္ဒပြခဲ့ကြသူတွေဟာ ဒီကနေ့
စနေနေ့မှာတော့ ဆန္ဒပြစင်မြင့်တွေတွေကို ဖျက်၊ သူတို့ စခန်းချထားတဲ့ နေရာတဝိုက်ကို သန့်ရှင်းရေး လုပ်နေကြပါတယ်။

ဘန်ကောက်မြို့က လုပ်ငန်းတွေ ရပ်သွားအောင် ဆန္ဒပြတဲ့ လှုပ်ရှားမှုကို အဆုံးသတ်လိုက်ပြီလို့ ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban က သောကြာနေ့ညက ကြေညာခဲ့ပြီးနောက်မှာ ခုလို သပိတ်စခန်း ရှင်းလင်းရေးတွေကို လုပ်ခဲ့ကြတာပါ။

စတည်းချဆန္ဒပြနေကြသူတွေဟာ လမ်းဆုံကြီးတွေကနေဖယ်ပြီး မြို့လယ်မှာရှိတဲ့ Lumpini ပန်းခြံမှာ တနင်္လာနေ့က စတင် ပြောင်းရွှေ့ စုဝေး ဆန္ဒပြကြမှာဖြစ်ပါတယ်။ ဆန္ဒပြနေတဲ့ နေရာတွေအပေါ် ပြီးခဲ့တဲ့တပတ်ထဲ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၄ ယောက် သေဆုံးခဲ့တဲ့အထိ နိုင်ငံရေး အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။

ခုလိုတိုက်ခိုက်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရအရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ထိုင်းအာဏာပိုင်ေတွေကို သောကြာနေ့က တိုက်တွန်းခဲ့ပါတယ်။ အပြစ်မရှိတဲ့ကလေးငယ်တွေ သေဆုံးရတာဟာ တုန်လှုပ်စရာဖြစ်ပြီး ဘက်အားလုံးအတွက် အကြမ်းဖက်မှုတွေကို ထိန်းဖို့ အသိဝင်ရတော့မယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG