No media source currently available
သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဒီနေ့မှာ ပုံမှန်အချိန်သင်္ကြန်စည်ကားလေ့ရှိတဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ရေကစားသူတွေ မရှိသလောက်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ကြန်ကာလ စတုဒီယာကျွေးတာမျိုးလောက်ရှိပေမဲ့ အများစုက အိမ်ထဲမှာပဲ နေကြတယ်လို့ ပြောကြပါတယ်။