သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာသင်္ကြန် နောက်ဆုံးနေ့


ဒီကနေ့ တနင်္ဂနွေနေ့ဟာ မဟာသင်္ကြန်နောက်ဆုံးနေ့ဖြစ်တဲ့ သင်္ကြန် အတက်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း သင်္ကြန်ရေကစားသူတွေ နောက်ဆုံးနေ့အနေနဲ့ အစွမ်းကုန် ပျော်မြူးကြမယ့် နေ့လည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ သင်္ကြန်တွင်း မုန်တိုင်းကြောင့် အပူဒဏ်ကို သိပ်မခံစားကြရသလို တချို့ဒေသတွေမှာ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုဒဏ် ခံရတာမို့ အဆောက်အဦးတွေ ပျက်စီးခဲ့ရပါတယ်။

မူးယစ်သေစာ သောက်စားပြီး စည်းကမ်း မလိုက်နာမှုတွေ၊ ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ယဉ်တိုက်မှုတွေနဲ့ ယာဉ်တိမ်းမှောက် မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနဲ့ အကျနေ့ ၂ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် ၈ ဦးသေဆုံးပြီး ၇၀ လောက် ဒဏ်ရာရခဲ့တာပါ။

သင်္ကြန်အကျနေ့အထိ နေပြည်တော်ကောင်စီ နယ်မြေတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၁၆၀ ကျော်ရှိနေသလို မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကို ရောက်လာတဲ့ လူနာ သုံးရာကျော်ရှိခဲ့ပြီး သေဆုံးသူက ၅ ဦး ရှိခဲ့ပါတယ်။ မုံရွာမြို့မှာလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပြီး အဓိက ယာဉ် မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွါးမှုတွေကြောင့်သေဆုံးသူတွေ ရှိခဲ့တာပါ။

ဒီနှစ် သင်္ကြန်မှာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ၊ တိုင်းရင်းသား ဒေသတွေအားလုံးမှာ သင်္ကြန်ကို စည်စည်ကားကား ဆင်နွှဲခဲ့ကြပါတယ်။ အလှပြကားတွေ၊ စတုဒီသာ အကျွေးအမွေးတွေ၊ သံချပ်ပြိုင်ပွဲတွေနဲ့ စည်ကားပျော်ရွှင်နေကြသလို မန္တလေးမှာတော့ ကျုံးဘေးမှာ လမ်းလျှောက် သင်္ကြန်ကို ဆင်နွှဲခဲ့ကြပါတယ်။

XS
SM
MD
LG