သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သႀကၤန္အႀကိဳ လုံၿခဳံေရးတင္းၾကပ္ၿပီး ၿမိဳ႕ႀကီးအေတာ္မ်ားမ်ား ေျခာက္ကပ္ေန


အတာသႀကၤန္ကာလတုိင္းမွာ လူစည္ကားေနက် ဆူးေလဘုရားလမ္း သႀကၤန္အႀကိဳေန႔ ျမင္ကြင္း (ဧၿပီလ ၁၃၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီဟာ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ ၂၀၂၂ ခုႏွစ္သႀကၤန္ကို လုံၿခဳံေရးျမႇင့္ၿပီး စည္ကားေအာင္ ႀကိဳးပမ္းေနေပမယ့္ ေနရာအေတာ္မ်ားမ်ားမွာေတာ့ ေရကစားသူမရွိသေလာက္ျဖစ္ၿပီး သႀကၤန္ဟာ ေျခာက္ကပ္ေနပါတယ္။ ဒီေန႔ သႀကၤန္အႀကိဳေန႔မနက္ပိုင္း ေနရာတခ်ိဳ႕မွာ အေသးစား ေပါက္ကြဲမႈေတြနဲ႔ ပစ္ခတ္မႈတခ်ိဳ႕လည္းရွိခဲ့ပါတယ္။ သႀကၤန္အႀကိဳေန႔ အေျခအေန ရန္ကုန္က သတင္းေပးပို႔တာကို နန္းေလာဝ္ တင္ျပေပးထားပါတယ္။

ဒီကေန႔ဟာ ျမန္မာ့ႏိုင္ငံ ၂၀၂၂ ခုႏွစ္ သႀကၤန္အႀကိဳရက္ျဖစ္ပါတယ္။ စစ္ေကာင္စီဟာ ဒီၾသကၤန္ကို စည္စည္ကားကား က်င္းပႏိုင္ဖို႔ ျပည္နယ္နဲ႔တိုင္းေတြမွာရွိတဲ့ အစိုးရဌာနဆိုင္ရာမ႑ပ္ေတြ၊ ၿမိဳ႕ေတာ္ဝန္မ႑ပ္ေတြကို လုံၿခဳံေရးျမႇင့္ၿပီး စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ယိမ္းအကေတြ၊ ဌာနဆိုင္ရာအက အလွေတြနဲ႔ ဖြင့္လွစ္ခဲ့ေပမယ့္ ဖြင့္လွစ္ခ်ိန္မွာ သတ္မွတ္တူညီကားေတြနဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြခြင့္ျပဳခ်က္ရထားတဲ့ ကားေတြကိုပဲ ေရကစားမ႑ပ္ေရွ႕ကို ျဖတ္သန္းခြင့္ျပဳပါတယ္။ ႏိုင္ငံေနရာ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ေရထြက္ကစားသူ မရွိသေလာက္ ျဖစ္ေနတယ္လို႔ ေဒသခံေတြ ကေျပာၾကပါတယ္။

ဒီကေန႔မနက္ပိုင္းမွာေတာ့ ရန္ကုန္ၿမိဳ႕လယ္ ၿမိဳ႕ေတာ္ဝန္မ႑ပ္နဲ႔ မဟာဗႏၶဳလပန္းၿခံလမ္းက လမ္းေလွ်ာက္ၾသကၤန္ဖြင့္ပြဲေတြကို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ တက္ေရာက္ဖြင့္လွစ္ခဲ့ပါတယ္။ မ႑ပ္ေဆာက္လုပ္ခ်ိန္ ဗုံးေပါက္ကြဲတာေၾကာင့္ေရာ ဒီကေန႔ၾသကၤန္အႀကိဳေန႔ျဖစ္တာေၾကာင့္ပါ အဲဒီေနရာနားမွာ လုံၿခဳံေရး အထူးတိုးျမႇင့္ခ်ထားတယ္လို႔ အနီးမွာေနထိုင္သူတဦးကေျပာပါတယ္။

“လမ္း ၃၀ နားမွာ ေနတာပါ။ ၁၀ ႏွစ္ေက်ာ္ၿပီ။ ဒီနားေနတာ။ မနက္က လာဖြင့္ေပမယ့္ ဒီအနီးအနားက ဘယ္သူမွသြားမၾကည့္ၾကဘူး။ သူတို႔လူေတြနဲ႔သူတို႔ ျပည့္ေနတာပဲ။ လုံၿခဳံေရးကလည္း က်ပ္တယ္။ ေဆးလိပ္နဲ႔မီးျခစ္ေတာင္ယူမရဘူး။ အရင္ ကဆို ဒီနားမွာေဈးသည္ေတြနဲ႔ ရႈပ္ယွက္က္ခတ္ေနတာ။ ခုေတာ့ေရာင္းတဲ့သူလည္းမရွိ။ အဲဒီထဲလည္း ဝင္မေရာင္းရဘူးေလ။ သူတို႔ကပိတ္ထားတာကို။ လာၾကည့္တဲ့ သူတို႔လူေတြေတာင္ ဘာမွမယူရဘူး။ ကားေတြကလည္း သူတို႔က စစ္ထားတဲ့ကားပဲ ဝင္ရတာေလ။ ညကတည္းက စစ္ထားၿပီး ထိုးထားတာ။ အျပင္ ကကားေတြ မပါဘူး။”

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ မ႑ပ္မွာဆိုရင္ ဧၿပီလ ၁၃ ရက္ ဒီေန႔ကေန ၁၆ ရက္ေန႔ အထိ မနက္ ၇ နာရီကေန ညေန ၆ နာရီအတြင္း ၿမိဳ႕ေတာ္ခန္းမတဝိုက္က လမ္းေတြကိုပိတ္ထားမယ္လို႔ ရန္ကုန္တိုင္း စစ္ေကာင္စီက ေၾကညာထားပါတယ္။ အဲဒီလမ္းေတြကို အႀကိဳေန႔မတိုင္ခင္ တရက္ကတည္းက ႀကိဳပိတ္ထားခဲ့တာလို႔သူက ေျပာပါတယ္။ ပိတ္ထားတဲ့ လမ္းတေလွ်ာက္မွာလည္း လုံၿခဳံေရးတင္းတင္းက်ပ္က်ပ္ခ်ထားၿပီး ကင္းပုန္းခ်ေစာင့္ၾကည့္ေနတာေတြရွိတယ္လို႔ သူကေျပာပါတယ္။

ရန္ကုန္မွာလိုပဲ အထင္ကရၿမိဳ႕ႀကီးေတြျဖစ္တဲ့ မႏၲေလး၊ ေတာင္ႀကီး၊ ေနျပည္ေတာ္၊ ျမစ္ႀကီးနား စတဲ့ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ ၾသကၤန္ေဖ်ာ္ေျဖေရးမ႑ပ္ေတြနဲ႔ လမ္းေလွ်ာက္ၾသကၤန္ဆိုၿပီး လုပ္တာေတြရွိပါတယ္။ ဒီမနက္ပိုင္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ရင္ျပင္အားကစားကြင္းမွာေတာ့ လမ္းေလွ်ာက္ၾသကၤန္ လုပ္ဖို႔ ျပင္ဆင္ထားတဲ့မ႑ပ္မုခ္ဦး မီးရႈိ႕ခံလိုက္ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေန႔လယ္ပိုင္းမွာလည္း ျမစ္ႀကီးနားၿမိဳ႕ ယုဇနရပ္ကြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး႐ုံး အေနာက္ဘက္မွာ ဗုံးတလုံးေပါက္ကြဲခဲ့တယ္လို႔ ေဒသခံတဦးက ဗြီအိုေအကို အတည္ျပဳပါတယ္။

“သူတို႔ လမ္းေလွ်ာက္သႀကၤန္လုပ္တဲ့ေနရာ ျပည္သူ႔ရင္ျပင္ေပါ့- အဲဒီေနရာမွာ ေဆာက္ထားတဲ့ မုဒ္ဦး ဒီမနက္ ၄ နာရီေလာက္မွာ မီးလာရႈိ႕သြားတယ္။ ေနာက္ႀကံ့ ခိုင္ေရး႐ုံးဘက္မွာ ဗုံးေပါက္ကြဲခံရတယ္။ လူထိတယ္မၾကားမိဘူး။ ျမစ္ႀကီးနားမွာ သႀကၤန္ကေတာ့ အရမ္းတိတ္ဆိတ္ ေနတာပဲ ရွိတယ္။ သႀကၤန္ေပ်ာ္တဲ့သူေတာ့မရွိေတာ့ဘူး။”

စစ္တပ္က အာဏာသိမ္းထားတာကို ဆန႔္က်င္တဲ့အေနနဲ႔ ေတာ္လွန္သႀကၤန္ဆိုၿပီး စစ္ေကာင္စီကလုပ္တဲ့ မ႑ပ္ေတြမသြားၾကဖို႔၊ သႀကၤန္ပြဲေတာ္မဆင္ႏႊဲၾကဖို႔ တက္ႂကြ လႈပ္ရွားသူေတြက လႈံ႔ေဆာ္ခဲ့ပါတယ္။ ေဒသခံအမ်ားစုကေတာ့ လုံၿခဳံေရးအရ စိတ္မခ်တာေၾကာင့္လည္း စစ္ေကာင္စီက ဦးစီးက်င္းပတဲ့ သႀကၤန္ပြဲေတာ္မွာ ပါဝင္ ဆင္ႏႊဲတာ မလုပ္လိုၾကပါဘူး။

သႀကၤန္ျပယုဒ္တခုျဖစ္တဲ့ သႀကၤန္သံခ်ပ္ေတြကိုေတာ့ အင္တာနက္ အြန္လိုင္းေတြက တဆင့္ ေဖ်ာ္ေျဖတာေတြရွိပါတယ္။ အမ်ားစုကေတာ့ ေတာ္လွန္သႀကၤန္ဆိုၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ေဝဖန္ေရးသံခ်ပ္ေတြျဖစ္ၾကပါတယ္။ စစ္တပ္ရဲ႕ ၿဖိဳခြင္းမႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ လူငယ္ေတြကလည္း ပုန္းခိုေရွာင္တိမ္းရာေနရာေတြက ေတာ္လွန္ေရးေႂကြးေၾကာ္သံေတြကို သံခ်ပ္စာသားေတြေျပာင္းၿပီး သႀကၤန္သံခ်ပ္ေတြဖန္တီးၾကပါတယ္။ စစ္ကိုင္းတိုင္း မုံ႐ြာအေျခစိုက္ ေဒါင္းမ်ိဳးဆက္ သံခ်ပ္အဖြဲ႕က အင္တာနက္အြန္လိုင္းေပၚကေနတဆင့္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG ကို ေဝဖန္ေထာက္ျပထားတာေတြ၊ စစ္အာဏာသိမ္းမႈဆန႔္က်င္ တာေတြအျပင္ လက္ရွိ စစ္ေကာင္စီရဲ႕ဖိႏွိပ္မႈေတြနဲ႔ ဖမ္းဆီးခံရသူေတြ အေျခအေနေတြကိုထင္ဟပ္တဲ့ သံခ်ပ္ေတြထိုးခဲ့ၾကပါတယ္။ မုံ႐ြာအေျခစိုက္ ေဒါင္းမ်ိဳးဆက္ သံခ်ပ္အဖြဲ႔ကို ၂ဝ၁၅ ခုႏွစ္မွာ မုံ႐ြာက တကၠသိုလ္ေက်ာင္းသားသမဂၢက စုၿပီး ဖြဲ႕စည္းတည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ သံခ်ပ္ထိုးရတဲ့ ရည္႐ြယ္ခ်က္နဲ႔ လက္ရွိသႀကၤန္အႀကိဳေန႔ မုံ႐ြာ လူထုျဖတ္သန္းမႈေတြကို သံခ်ပ္အဖြဲ႕က တာဝန္ရွိသူတဦးက ခုလိုေျပာျပလာတာပါ။

“ဒီေန႔မနက္ကတည္းက ပုံမွန္လူစည္ကားတဲ့ေဈးေတြကအစ ေတာ္ေတာ္ေလးေျခာက္ကပ္တယ္။ တိတ္ဆိတ္ေနတာဗ်။ သူတို႔မ႑ပ္ေတြေရွ႕မွာ ဌာနဆိုင္ရာေတြေလာက္ပဲ ရွိတယ္။ ျပည္သူကလုံးဝမရွိဘူး။ ေနာက္ အဲဒီနားတင္မကဘူး။ ရပ္ကြက္ လမ္းေတြေဈးေတြမွာလည္း ေျခာက္ကပ္ေနတယ္။ က်ေနာ္တို႔ ေဒါင္းမ်ိဳးဆက္မုံ႐ြာက ပုံမွန္ သႀကၤန္ကာလေတြမွာလည္း အစိုးရလႊတ္ေတာ္တို႔ကို ျပည္သူကိုယ္ စား ေထာက္ျပတာေတြ၊ ေနာက္ ျပည္သူေျပာခ်င္တာေတြ ထိုးတာေပါ့ေနာ္။ ဒီလို စစ္အာဏာသိမ္းေတာ့လည္း မႏွစ္ကလည္း က်ေနာ္တို႔ထြက္ခဲ့တယ္။ ေနာက္တခုကေတာ့ အစဥ္အလာထိန္းခ်င္တာရယ္၊ ေတာ္လွန္ေရးကာလမွာ ျပည္သူလူထု ေျပာခ်င္တာရယ္၊ ျပည္သူလူထုကို သတင္းစကားပါးခ်င္တာရယ္၊ ဒါေတြကိုအသံျပဳခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ က်ေနာ္တို႔ အခက္အခဲေတြၾကားကေန စိန္ေခၚမႈေတြၾကားထဲကေန ရေအာင္ထြက္ခဲ့တာပါ။”

မနက္ပိုင္းကေတာ့ စစ္အာဏာရွင္ဆန႔္က်င္တဲ့ မုံ႐ြာ ေဒသကာကြယ္ေရး တပ္ဖြဲ႔ ေတြက လုံၿခဳံေရးယူေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြကို လိုက္လံပစ္ခတ္တာေတြျဖစ္ခဲ့တယ္လို႔ မုံ႐ြာၿမိဳ႕ခံေတြကေျပာပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ မုံ႐ြာၿမိဳ႕ အထင္ကရလမ္းေတြမွာ လုံၿခဳံေရးတိုးျမွင့္ခ်ထားတာ စစ္ေဆးေရးဂိတ္ေတြ ခ်ထားပါတယ္။ ဆိုင္ကယ္၊ ကားေတြ စစ္ေဆးတာေတြလုပ္ေနတာအျပင္ အရပ္ဝတ္ေတြနဲ႔ ေစာင့္ၾကည့္ေနတာေတြ တိုးျမွင့္လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြဘက္ကေျပာပါတယ္။

ၿမိဳ႕ႀကီးေတြေပၚက စစ္ေကာင္စီက်င္းပတဲ့ သႀကၤန္ပြဲေတာ္ကို မသြားၾကေပမယ့္လည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အပန္းေျဖ ခရီးသြားေနၾကသူေတြလည္းရွိပါတယ္။ ခရီးသြားေတြ အသြားမ်ားတဲ့ေနရာေတြ ပင္လယ္ကမ္းေျခေတြမွာ ဧည့္သည္ေတြျပည့္ေနတယ္လို႔ ဟိုတယ္ဝန္ထမ္းတခ်ိဳ႕က ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕က နာမည္ႀကီးဟိုတယ္တခ်ိဳ႕နဲ႔ ဘားနဲ႔ ကလပ္ေတြမွာလည္း သႀကၤန္ပြဲေတာ္ကို သီးသန႔္အစီအစဥ္ေတြ လုပ္ဖို႔ ေၾကာ္ျငာထားၾကသလို တခ်ိဳ႕ေနရာေတြမွာေတာ့ မိသားစုလိုက္ ကိုယ့္အိမ္ေရွ႕မွာပဲ မုန႔္လုပ္စားတာ မိသားစုတြင္း ေရပက္တာေတြရွိၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

သြင်္ကန်အကြို လုံခြုံရေးတင်းကြပ်ပြီး မြို့ကြီးအတော်များများ ခြောက်ကပ်နေ

မြန်မာစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ ၂၀၂၂ ခုနှစ်သြင်္ကန်ကို လုံခြုံရေးမြှင့်ပြီး စည်ကားအောင် ကြိုးပမ်းနေပေမယ့် နေရာအတော်များများမှာတော့ ရေကစားသူမရှိသလောက်ဖြစ်ပြီး သြင်္ကန်ဟာ ခြောက်ကပ်နေပါတယ်။ ဒီနေ့ သြင်္ကန်အကြိုနေ့မနက်ပိုင်း နေရာတချို့မှာ အသေးစား ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတချို့လည်းရှိခဲ့ပါတယ်။ သြင်္ကန်အကြိုနေ့ အခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို နန်းလောဝ် တင်ပြပေးထားပါတယ်။

ဒီကနေ့ဟာ မြန်မာ့နိုင်ငံ ၂၀၂၂ ခုနှစ် သြင်္ကန်အကြိုရက်ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒီသြင်္ကန်ကို စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ အစိုးရဌာနဆိုင်ရာမဏ္ဍပ်တွေ၊ မြို့တော်ဝန်မဏ္ဍပ်တွေကို လုံခြုံရေးမြှင့်ပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယိမ်းအကတွေ၊ ဌာနဆိုင်ရာအက အလှတွေနဲ့ ဖွင့်လှစ်ခဲ့ပေမယ့် ဖွင့်လှစ်ချိန်မှာ သတ်မှတ်တူညီကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေခွင့်ပြုချက်ရထားတဲ့ ကားတွေကိုပဲ ရေကစားမဏ္ဍပ်ရှေ့ကို ဖြတ်သန်းခွင့်ပြုပါတယ်။ နိုင်ငံနေရာ တော်တော်များများမှာတော့ ရေထွက်ကစားသူ မရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေ ကပြောကြပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ရန်ကုန်မြို့လယ် မြို့တော်ဝန်မဏ္ဍပ်နဲ့ မဟာဗန္ဓုလပန်းခြံလမ်းက လမ်းလျှောက်သြင်္ကန်ဖွင့်ပွဲတွေကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ မဏ္ဍပ်ဆောက်လုပ်ချိန် ဗုံးပေါက်ကွဲတာကြောင့်ရော ဒီကနေ့သြင်္ကန်အကြိုနေ့ဖြစ်တာကြောင့်ပါ အဲဒီနေရာနားမှာ လုံခြုံရေး အထူးတိုးမြှင့်ချထားတယ်လို့ အနီးမှာနေထိုင်သူတဦးကပြောပါတယ်။

“လမ်း ၃၀ နားမှာ နေတာပါ။ ၁၀ နှစ်ကျော်ပြီ။ ဒီနားနေတာ။ မနက်က လာဖွင့်ပေမယ့် ဒီအနီးအနားက ဘယ်သူမှသွားမကြည့်ကြဘူး။ သူတို့လူတွေနဲ့သူတို့ ပြည့်နေတာပဲ။ လုံခြုံရေးကလည်း ကျပ်တယ်။ ဆေးလိပ်နဲ့မီးခြစ်တောင်ယူမရဘူး။ အရင် ကဆို ဒီနားမှာဈေးသည်တွေနဲ့ ရှုပ်ယှက်က်ခတ်နေတာ။ ခုတော့ရောင်းတဲ့သူလည်းမရှိ။ အဲဒီထဲလည်း ဝင်မရောင်းရဘူးလေ။ သူတို့ကပိတ်ထားတာကို။ လာကြည့်တဲ့ သူတို့လူတွေတောင် ဘာမှမယူရဘူး။ ကားတွေကလည်း သူတို့က စစ်ထားတဲ့ကားပဲ ဝင်ရတာလေ။ ညကတည်းက စစ်ထားပြီး ထိုးထားတာ။ အပြင် ကကားတွေ မပါဘူး။”

ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ်မှာဆိုရင် ဧပြီလ ၁၃ ရက် ဒီနေ့ကနေ ၁၆ ရက်နေ့ အထိ မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း မြို့တော်ခန်းမတဝိုက်က လမ်းတွေကိုပိတ်ထားမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီက ကြေညာထားပါတယ်။ အဲဒီလမ်းတွေကို အကြိုနေ့မတိုင်ခင် တရက်ကတည်းက ကြိုပိတ်ထားခဲ့တာလို့သူက ပြောပါတယ်။ ပိတ်ထားတဲ့ လမ်းတလျှောက်မှာလည်း လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားပြီး ကင်းပုန်းချစောင့်ကြည့်နေတာတွေရှိတယ်လို့ သူကပြောပါတယ်။

ရန်ကုန်မှာလိုပဲ အထင်ကရမြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးအတော်များများမှာ သြင်္ကန်ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ လမ်းလျှောက်သြင်္ကန်ဆိုပြီး လုပ်တာတွေရှိပါတယ်။ ဒီမနက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ရင်ပြင်အားကစားကွင်းမှာတော့ လမ်းလျှောက်သြင်္ကန် လုပ်ဖို့ ပြင်ဆင်ထားတဲ့မဏ္ဍပ်မုခ်ဦး မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့လယ်ပိုင်းမှာလည်း မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး အနောက်ဘက်မှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။

“သူတို့ လမ်းလျှောက်သြင်္ကန်လုပ်တဲ့နေရာ ပြည်သူ့ရင်ပြင်ပေါ့- အဲဒီနေရာမှာ ဆောက်ထားတဲ့ မုဒ်ဦး ဒီမနက် ၄ နာရီလောက်မှာ မီးလာရှို့သွားတယ်။ နောက်ကြံ့ ခိုင်ရေးရုံးဘက်မှာ ဗုံးပေါက်ကွဲခံရတယ်။ လူထိတယ်မကြားမိဘူး။ မြစ်ကြီးနားမှာ သြင်္ကန်ကတော့ အရမ်းတိတ်ဆိတ် နေတာပဲ ရှိတယ်။ သြင်္ကန်ပျော်တဲ့သူတော့မရှိတော့ဘူး။”

စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့အနေနဲ့ တော်လှန်သြင်္ကန်ဆိုပြီး စစ်ကောင်စီကလုပ်တဲ့ မဏ္ဍပ်တွေမသွားကြဖို့၊ သြင်္ကန်ပွဲတော်မဆင်နွှဲကြဖို့ တက်ကြွ လှုပ်ရှားသူတွေက လှုံ့ဆော်ခဲ့ပါတယ်။ ဒေသခံအများစုကတော့ လုံခြုံရေးအရ စိတ်မချတာကြောင့်လည်း စစ်ကောင်စီက ဦးစီးကျင်းပတဲ့ သြင်္ကန်ပွဲတော်မှာ ပါဝင် ဆင်နွှဲတာ မလုပ်လိုကြပါဘူး။

သြင်္ကန်ပြယုဒ်တခုဖြစ်တဲ့ သြင်္ကန်သံချပ်တွေကိုတော့ အင်တာနက် အွန်လိုင်းတွေက တဆင့် ဖျော်ဖြေတာတွေရှိပါတယ်။ အများစုကတော့ တော်လှန်သြင်္ကန်ဆိုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဝေဖန်ရေးသံချပ်တွေဖြစ်ကြပါတယ်။ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လူငယ်တွေကလည်း ပုန်းခိုရှောင်တိမ်းရာနေရာတွေက တော်လှန်ရေးကြွေးကြော်သံတွေကို သံချပ်စာသားတွေပြောင်းပြီး သြင်္ကန်သံချပ်တွေဖန်တီးကြပါတယ်။ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့က အင်တာနက်အွန်လိုင်းပေါ်ကနေတဆင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ဝေဖန်ထောက်ပြထားတာတွေ၊ စစ်အာဏာသိမ်းမှုဆန့်ကျင် တာတွေအပြင် လက်ရှိ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေနဲ့ ဖမ်းဆီးခံရသူတွေ အခြေအနေတွေကိုထင်ဟပ်တဲ့ သံချပ်တွေထိုးခဲ့ကြပါတယ်။ မုံရွာအခြေစိုက် ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ကို ၂ဝ၁၅ ခုနှစ်မှာ မုံရွာက တက္ကသိုလ်ကျောင်းသားသမဂ္ဂက စုပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သံချပ်ထိုးရတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိသြင်္ကန်အကြိုနေ့ မုံရွာ လူထုဖြတ်သန်းမှုတွေကို သံချပ်အဖွဲ့က တာဝန်ရှိသူတဦးက ခုလိုပြောပြလာတာပါ။

“ဒီနေ့မနက်ကတည်းက ပုံမှန်လူစည်ကားတဲ့ဈေးတွေကအစ တော်တော်လေးခြောက်ကပ်တယ်။ တိတ်ဆိတ်နေတာဗျ။ သူတို့မဏ္ဍပ်တွေရှေ့မှာ ဌာနဆိုင်ရာတွေလောက်ပဲ ရှိတယ်။ ပြည်သူကလုံးဝမရှိဘူး။ နောက် အဲဒီနားတင်မကဘူး။ ရပ်ကွက် လမ်းတွေဈေးတွေမှာလည်း ခြောက်ကပ်နေတယ်။ ကျနော်တို့ ဒေါင်းမျိုးဆက်မုံရွာက ပုံမှန် သြင်္ကန်ကာလတွေမှာလည်း အစိုးရလွှတ်တော်တို့ကို ပြည်သူကိုယ် စား ထောက်ပြတာတွေ၊ နောက် ပြည်သူပြောချင်တာတွေ ထိုးတာပေါ့နော်။ ဒီလို စစ်အာဏာသိမ်းတော့လည်း မနှစ်ကလည်း ကျနော်တို့ထွက်ခဲ့တယ်။ နောက်တခုကတော့ အစဉ်အလာထိန်းချင်တာရယ်၊ တော်လှန်ရေးကာလမှာ ပြည်သူလူထု ပြောချင်တာရယ်၊ ပြည်သူလူထုကို သတင်းစကားပါးချင်တာရယ်၊ ဒါတွေကိုအသံပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ အခက်အခဲတွေကြားကနေ စိန်ခေါ်မှုတွေကြားထဲကနေ ရအောင်ထွက်ခဲ့တာပါ။”

မနက်ပိုင်းကတော့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ မုံရွာ ဒေသကာကွယ်ရေး တပ်ဖွဲ့ တွေက လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံပစ်ခတ်တာတွေဖြစ်ခဲ့တယ်လို့ မုံရွာမြို့ခံတွေကပြောပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မုံရွာမြို့ အထင်ကရလမ်းတွေမှာ လုံခြုံရေးတိုးမြှင့်ချထားတာ စစ်ဆေးရေးဂိတ်တွေ ချထားပါတယ်။ ဆိုင်ကယ်၊ ကားတွေ စစ်ဆေးတာတွေလုပ်နေတာအပြင် အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဘက်ကပြောပါတယ်။

မြို့ကြီးတွေပေါ်က စစ်ကောင်စီကျင်းပတဲ့ သြင်္ကန်ပွဲတော်ကို မသွားကြပေမယ့်လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အပန်းဖြေ ခရီးသွားနေကြသူတွေလည်းရှိပါတယ်။ ခရီးသွားတွေ အသွားများတဲ့နေရာတွေ ပင်လယ်ကမ်းခြေတွေမှာ ဧည့်သည်တွေပြည့်နေတယ်လို့ ဟိုတယ်ဝန်ထမ်းတချို့က ပြောပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးဟိုတယ်တချို့နဲ့ ဘားနဲ့ ကလပ်တွေမှာလည်း သြင်္ကန်ပွဲတော်ကို သီးသန့်အစီအစဉ်တွေ လုပ်ဖို့ ကြော်ငြာထားကြသလို တချို့နေရာတွေမှာတော့ မိသားစုလိုက် ကိုယ့်အိမ်ရှေ့မှာပဲ မုန့်လုပ်စားတာ မိသားစုတွင်း ရေပက်တာတွေရှိကြပါတယ်။
===============

XS
SM
MD
LG