သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားမဝင္လမ္းေၾကာင္းကျပန္လာတဲ့ ထိုင္းအမ်ိဳးသမီး ၁၀ ဦး ဖမ္းဆီးခံရ


ထိုင္း - ျမန္မာနယ္စပ္ ျမင္ကြင္း။ (ဓာတ္ပံု - Thai Official - ၾသဂုတ္ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံဘက္မွာကိုဗစ္ကူးစက္မူေတြမ်ားလာတဲ့အတြက္ ကရင္ျပည္နယ္ျမဝတီၿမိဳ႕ဘက္ကေန ထိုင္းျမန္မာနယ္စပ္တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕ထဲ တရားမဝင္လမ္းကေန ဝင္ေရာက္လာသူ ထိုင္းႏိုင္ငံသူ၁၀ဦးကို ဇူလိုင္လ ၂၆ ရက္ေန႔မွာထိုင္းဘက္မွာဖမ္းဆီးလိုက္ပါတယ္။ ကိုဗစ္ကန႔္သတ္ခ်က္စည္းမ်ဥ္းေတြအရ ထိုင္းႏိုင္ငံသားေတြအေနနဲ႔ ႏိုင္ငံတြင္းျပန္ဝင္မယ္ဆိုရင္ တရားဝင္ခြင့္ျပဳခ်က္ေတာင္းခံၿပီး ဝင္ရမွာပါ။
ဒီသတင္းကိုဗြီအိုေအ သတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

ျမန္မာႏိုင္ငံတြင္းကိုဗစ္တတိယလႈိင္းကူးစက္မူ႔မွာကူးစက္မူ႔ႏႈံးနဲ႔ေသဆုံးမူႏႈံးျမင့္တက္လာတဲ့အတြက္ နယ္စပ္မွာရွိတဲ့ ထိုင္းႏိုင္ငံသားေတြ ဟာျမန္မာႏိုင္ငံကေန ျပန္ထြက္ခြါလာၾကပါတယ္ ဒီလို႔ျပန္ထြက္ခြါလာၾကရာမွာ ထိုင္းျမန္မာနယ္စပ္မဲေဆာက္ၿမိဳ႕ရဲ႕တဖက္ကမ္း ျမဝတီၿမိဳက ကာစီႏိုေလာင္းကစား႐ုံမွာသြားအလုပ္လုပ္တဲ့ ထိုင္းႏိုင္ငံသူ ၁၀ဦးကိုဇူလိုင္လ၂၆ရက္ေန႔မွာပဲဖမ္းမိခဲ့ေၾကာင္းေရာင္ျခည္ဦးအလုပ္းသမားအဖြဲ႕မဲေဆာက္႐ုံးတာဝန္ခံဦးမိုးေက်ာ္ကအခုလိုေျပာျပပါတယ္

"ဒီေန႔မွာ တရားမဝင္ျပန္လာတဲ့ထိုင္းႏိုင္ငံသူ ၁၀ဦးက ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕ေလာင္းကစား႐ုံေတြကာစီႏို႐ုံမွာအလုပ္လုပ္ေနတဲ့ဝန္ထမ္းေတြလို႔သိရတယ္။ သူတိုဟာအဲဒီဘက္မွာအလုပ္လုပ္ေနသူေတြလို႔သိရတယ္ တရားမဝင္လမ္းေၾကာင္းကေနဝင္ေရာက္လာလို႔သက္ဆိုင္ရာနယ္ျခားေစာင့္တပ္က ဖမ္းဆီးတယ္ သူတို႔ေျပာတာေျပာင္းခင္းထဲမွာေတြ႕တယ္လို႔ေျပာတယ္ အခုေတာ့ သူတို႔မွာကိုဗစ္စစ္ေဆးတာ ကိုဗစ္သံသယရွိမရွိ ေတြ တို႔ ေဒသႏၲရဥပေဒေတြနဲ႔အေရးယူမွာေတြ စစ္ေဆးဖို႔ေတြ ရွိပါတယ္ လို႔သတင္းထုတ္ျပန္ထားပါတယ္။"

ထိုင္းျမန္မာနယ္စပ္မွာလည္း အစုလိုက္အၿပဳံလိုက္ကိုဗစ္ကူးစက္မူေတြျဖစ္ေနတာေၾကာင့္ မဲေဆာက္ကျပည္သူေတြအေနနဲ႔တတ္ႏိုင္ရင္ အျပင္မထြက္ပဲ က်န္းမာေရးဝန္ထမ္းေတြထုတ္ျပန္ထားတဲ့စည္းမ်ဥ္းေတြအတိုင္းလိုက္နာၿပီးပူးေပါင္းလိုက္နာေပးဖို႔လည္း ထုတ္ျပန္ထားပါတယ္ ဇူလိုင္လ ၂၆ရက္ေန႔မွာေတာ့ မဲေဆာက္ၿမိဳ႕မွာကိုဗစ္ကူးစက္သူ ၉၀ေက်ာ္ရွိေၾကာင္း၊ ကိုဗစ္အတည္ျပဳလူနာကေတာ့ ၂၇၀၀ေက်ာ္ရွိေနပါတယ္။ ဒီထဲမွာေတာ့ကူးစက္သူအမ်ားစုကျမန္မာေ႐ြေျပာင္းအလုပ္သမားေတြျဖစ္ၾကပါတယ္ ။

ထိုင္းတႏိုင္ငံလုံးမွာေတာ့ကိုဗစ္အတည္ျပဳလူနာ ၅၁၂၆၀၀ေက်ာ္ရွိေနၿပီး ဇူလိုင္လ ၂၆ရက္ေန႔တေန႔တည္းကူးစက္သူ ၁၅၀၀၀ေက်ာ္ရွိေနပါတယ္။ တႏိုင္ငံလုံးအႏွံ႔ေသဆုံးသူစုစုေပါင္းကေတာ့ ၄၁၀၀ေက်ာ္ရွိလာၿပီလို႔ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

...................................................................................................

တိုက္႐ိုက္ လင့္ခ္

တရားမဝင်လမ်းကြောင်းကပြန်လာတဲ့ ထိုင်းအမျိုးသမီး ၁၀ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံဘက်မှာကိုဗစ်ကူးစက်မူတွေများလာတဲ့အတွက် ကရင်ပြည်နယ်မြဝတီမြို့ဘက်ကနေ ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ် မဲဆောက်မြို့ထဲ တရားမဝင်လမ်းကနေ ဝင်ရောက်လာသူ ထိုင်းနိုင်ငံသူ၁၀ဦးကို ဇူလိုင်လ ၂၆ ရက်နေ့မှာထိုင်းဘက်မှာဖမ်းဆီးလိုက်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းတွေအရ ထိုင်းနိုင်ငံသားတွေအနေနဲ့ နိုင်ငံတွင်းပြန်ဝင်မယ်ဆိုရင် တရားဝင်ခွင့်ပြုချက်တောင်းခံပြီး ဝင်ရမှာပါ။
ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းကိုဗစ်တတိယလှိုင်းကူးစက်မူ့မှာကူးစက်မူ့နှုံးနဲ့သေဆုံးမူနှုံးမြင့်တက်လာတဲ့အတွက် နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေ ဟာမြန်မာနိုင်ငံကနေ ပြန်ထွက်ခွါလာကြပါတယ် ဒီလို့ပြန်ထွက်ခွါလာကြရာမှာ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ရဲ့တဖက်ကမ်း မြဝတီမြိုက ကာစီနိုလောင်းကစားရုံမှာသွားအလုပ်လုပ်တဲ့ ထိုင်းနိုင်ငံသူ ၁၀ဦးကိုဇူလိုင်လ၂၆ရက်နေ့မှာပဲဖမ်းမိခဲ့ကြောင်းရောင်ခြည်ဦးအလုပ်းသမားအဖွဲ့မဲဆောက်ရုံးတာဝန်ခံဦးမိုးကျော်ကအခုလိုပြောပြပါတယ်

"ဒီနေ့မှာ တရားမဝင်ပြန်လာတဲ့ထိုင်းနိုင်ငံသူ ၁၀ဦးက မြန်မာနိုင်ငံ မြဝတီမြို့လောင်းကစားရုံတွေကာစီနိုရုံမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေလို့သိရတယ်။ သူတိုဟာအဲဒီဘက်မှာအလုပ်လုပ်နေသူတွေလို့သိရတယ် တရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာလို့သက်ဆိုင်ရာနယ်ခြားစောင့်တပ်က ဖမ်းဆီးတယ် သူတို့ပြောတာပြောင်းခင်းထဲမှာတွေ့တယ်လို့ပြောတယ် အခုတော့ သူတို့မှာကိုဗစ်စစ်ဆေးတာ ကိုဗစ်သံသယရှိမရှိ တွေ တို့ ဒေသန္တရဥပဒေတွေနဲ့အရေးယူမှာတွေ စစ်ဆေးဖို့တွေ ရှိပါတယ် လို့သတင်းထုတ်ပြန်ထားပါတယ်။"

ထိုင်းမြန်မာနယ်စပ်မှာလည်း အစုလိုက်အပြုံလိုက်ကိုဗစ်ကူးစက်မူတွေဖြစ်နေတာကြောင့် မဲဆောက်ကပြည်သူတွေအနေနဲ့တတ်နိုင်ရင် အပြင်မထွက်ပဲ ကျန်းမာရေးဝန်ထမ်းတွေထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေအတိုင်းလိုက်နာပြီးပူးပေါင်းလိုက်နာပေးဖို့လည်း ထုတ်ပြန်ထားပါတယ် ဇူလိုင်လ ၂၆ရက်နေ့မှာတော့ မဲဆောက်မြို့မှာကိုဗစ်ကူးစက်သူ ၉၀ကျော်ရှိကြောင်း၊ ကိုဗစ်အတည်ပြုလူနာကတော့ ၂၇၀၀ကျော်ရှိနေပါတယ်။ ဒီထဲမှာတော့ကူးစက်သူအများစုကမြန်မာရွေပြောင်းအလုပ်သမားတွေဖြစ်ကြပါတယ် ။

ထိုင်းတနိုင်ငံလုံးမှာတော့ကိုဗစ်အတည်ပြုလူနာ ၅၁၂၆၀၀ကျော်ရှိနေပြီး ဇူလိုင်လ ၂၆ရက်နေ့တနေ့တည်းကူးစက်သူ ၁၅၀၀၀ကျော်ရှိနေပါတယ်။ တနိုင်ငံလုံးအနှံ့သေဆုံးသူစုစုပေါင်းကတော့ ၄၁၀၀ကျော်ရှိလာပြီလို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG