သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားဖူးလူအုပ် အိန္ဒိယရထားဝင်တိုက်


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဟိန္ဒူဘုရားဖူးတွေကို ရထားတစင်းက ဝင်တိုက်ရာက အနည်းဆုံး လူ ၃၅ ယောက် သေဆုံးပြီး၊ နောက်ထပ် ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဘီဟာပြည်နယ်တွင်းက မြို့ငယ်တမြို့က ရထားဘူတာမှာ တနင်္လာနေ့ အစောပိုင်းက မတော်တဆမှု ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ Rajya Rani Express ရထားကို ဘူတာမှာ မရပ်ဘဲ မောင်းခွင့်ပြုထားတဲ့အကြောင်းလည်း မီးရထားဌာန တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။

ဘူတာပလက်ဖောင်းကနေ ရပ်ထားတဲ့ တခြားရထား ၂ စင်းနဲ့ မလှမ်းမကမ်းက ရထားလမ်းပေါ်ကို လူတွေ ဖြတ်တဲ့အချိန်မှာပဲ မတော်တဆမှု ဖြစ်ခဲ့တာလို့လည်း မီးရထားဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အရှိန်နဲ့မောင်းလာတဲ့ ရထားကတော့ မတော်တဆမှုဖြစ်တဲ့ နေရာကနေ မီတာရာပေါင်းများစွာ အကွာကျမှ ရပ်နိုင်ခဲ့တာပါ။ မတော်တဆမှုကို တွေ့ခဲ့ရာက ဒေါသထွက်ခဲ့ကြတဲ့ အနီးအနားက လူတွေကတော့ ရထားမောင်းသူကို ရိုက်နှက်ခဲ့ကြသလို၊ ရထားတွဲ တချို့ကိုလည်း မီးရှို့ခဲ့တဲ့အကြောင်း ဒေသခံအာဏာပိုင် တချို့ကပြောပါတယ်။
XS
SM
MD
LG