သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နတ်မြစ်အတွင်း လှေတိမ်းမှောက်တဲ့နေရာက ရိုဟင်ဂျာ ၃၄ လောင်းတွေ့ရှိ

လှေနစ်မြုပ်သွားပြီးနောက် ဆယ်ယူရရှိတဲ့သေဆုံးသူအနီးဆွေမျိုးများကိုတွေ့ရစဉ် (ဩဂုတ် ၆၊ ၂၀၂၄)
လှေနစ်မြုပ်သွားပြီးနောက် ဆယ်ယူရရှိတဲ့သေဆုံးသူအနီးဆွေမျိုးများကိုတွေ့ရစဉ် (ဩဂုတ် ၆၊ ၂၀၂၄)

နတ်မြစ်ထဲမှာ အင်္ဂါနေ့က နစ်မြုပ်သွားတဲ့ လှေပေါ်ပါလာသူ ရိုဟင်ဂျာအလောင်း စုစုပေါင်း ၃၄ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

လှေမှောက်ခဲ့ပြီးနောက် ကလေးငယ်တွေအပါအဝင် အလောင်း ၁၀ လောင်းကို ကနဦး ဆယ်ယူနိုင်ခဲ့ပြီး နောက်ပိုင်း ကမ်းကိုသောင်တင်လာတဲ့ အလောင်းတွေနဲ့ပေါင်းရင် စုစုပေါင်း ၃၄ လောင်းရှိသွားပြီလို့ Teknaf မြို့အုပ်ချုပ်ရေးမှူး Adnan Chowdhury က ပြောပါတယ်။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လာကြတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ သူကပြောပါတယ်။ ရိုဟင်ဂျာတွေ စီးလာတဲ့လှေပေါ်မှာ လူအဆမတန်များပြီး မှောက်သွားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးလာသူ ရိုဟင်ဂျာ ၁,၀၀၀ ထက်မနည်းရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နတ်မြစ်အတွင်း လှေတိမ်းမှောက်တဲ့နေရာက ရိုဟင်ဂျာ ၃၄ လောင်းတွေ့ရှိ
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG