သုံးရလွယ်ကူစေသည့် Link များ

၂၀၁၅ ကမ္ဘာ့ အပူဆုံးနှစ် အဖြစ် မှတ်တမ်းတင်


အပူရှိန်လွန်ကဲမှုကြောင့် ရေခမ်းခြောက်မှုများဖြစ်။
အပူရှိန်လွန်ကဲမှုကြောင့် ရေခမ်းခြောက်မှုများဖြစ်။

၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်ပြီး မှတ်တမ်းတင် ထားသမျှ ထဲမှာ အပူဆုံးနှစ်ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက် ချက်တွေကြောင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ စက်မှုဖွံ့ဖြိုးတဲ့ခေတ် မတိုင်ခင်အချိန် ကရှိခဲ့တဲ့အပူချိန်ထက် ၁ ဒီဂရီ ဆဲလ်ဆီးယပ်စ် ပိုတိုးလာတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO ရဲ့ အကြီးအကဲကပြောပါတယ်။

ဒါဟာ သိပ်ကိုစိုးရိမ်စရာဖြစ်ပြီးတော့ ထုတ်လွှတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ လေထုထဲမှာရှိနေပြီး ဆယ်စုနှစ် တွေကနေ ရာစုနှစ်တွေအထိ အချိန်အကြာကြီး ဆက်ရှိနေပါတယ်လို့ WMO ရဲ့ အကြီးအကဲ Michel Jarraud က ပြောပါတယ်။

အပူချိန်မြင့်တက်ရတာဟာ ကမ္ဘာကြီးပူနွေးလာတာနဲ့ သမုဒ္ဒရာ သွင်ပြင် လက္ခဏာတခုဖြစ်တဲ့ အယ်လ်နီညိုကြောင့် ဖြစ်တယ်လို့ WMO အကြီးအကဲကပြောပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကျင်းပဖို့ သီတင်းတပတ်အလိုမှာပဲ အခု အစီရင်ခံစာထွက်လာတာပါ။

XS
SM
MD
LG