[[Zawgyi/Unicode]]
ျမန္မာစစ္ေကာင္စီဆက္ႏြယ္ပတ္သက္သူေတြကို စီးပြားေရးအရ အေရးယူဒဏ္ခတ္ဖို႔ ျမန္မာ့လူအခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္က ေတာင္ကိုရီးယားႏိုင္ငံကို တိုက္တြန္းပါတယ္။
ျမန္မာႏိုင္ငံအတြင္းလုပ္ကိုင္ေနတဲ့ ေတာင္ကိုရီးယားစီးပြားေရးလုပ္ငန္းေတြအေနနဲ႔ လူ႔အခြင့္အေရးနဲ႔ က်င့္ဝတ္စည္းကမ္းေတြကို ေလးစားလိုက္နာေစဖို႔ ေတာင္ကိုရီးယားအစိုးရအေနနဲ႔ ၾကပ္မတ္ေပးဖို႔ကိုလည္း အထူးကိုယ္စားလွယ္ Thomas Andrews က တိုက္တြန္းပါတယ္။ ကုလအထူးကိုယ္စားလွယ္ Thomas Andrews ဟာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနၿပီး အခု ၆ ရက္ေျမာက္ ေနာက္ဆုံးေန႔ တနလၤာေန႔မွာ သတင္းစာရွင္းလင္းပြဲလုပ္တာပါ။
ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္စစ္ျဖစ္ၿပီးေနာက္ ႐ုရွားပိုင္လုပ္ငန္းေတြအေပၚ ႏိုင္ငံတကာက အေရးယူဒဏ္ခတ္ရာမွာ ေတာင္ကိုရီးယားက ပါဝင္ပူးေပါင္းေဆာင္႐ြက္တာကို ေထာက္ျပၿပီး အာဏာသိမ္း ျမန္မာစစ္ေကာင္စီကို အေထာက္အပံ့ေပးေနတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အလားတူ အေရးယူေဆာင္႐ြက္ဖို႔ ကုလကိုယ္စားလွယ္က ေျပာဆိုပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ကို စစ္ေကာင္စီ ျပန္လႊတ္ေပးတာဟာ ႏိုင္ငံတကာရဲ႕အျမင္သေဘာထားေတြ ေျပာင္းလဲလာေစဖို႔ အေပၚယံ ဟန္ျပတိုးတက္မႈ လုပ္ျပတာျဖစ္တယ္လို႔လည္း အထူးကိုယ္စားလွယ္က ေဝဖန္ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔ အမ်ိဳးသားေအာင္ပြဲေန႔တုန္းက အက်ဥ္းသား ၆ ေထာင္နီးပါးလႊတ္ေပးခဲ့ရာမွာ NLD ပါတီရဲ႕ ဩစေၾတးလ် စီးပြားေရးအႀကံေပးအပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားတခ်ဳိ႕လည္း ပါဝင္ခဲ့ပါတယ္။ ကုလအထူးကိုယ္စားလွယ္ Thomas Andrews ဟာ ေတာင္ကိုရီးယားႏိုင္ငံကို ၿပီးခဲ့တဲ့သီတင္းပတ္က ေရာက္ရွိၿပီး ျမန္မာ့အက်ပ္အတည္းအေျခအေနကိုေျဖရွင္းေရး ေတာင္ကိုရီးယားႏိုင္ငံရဲ႕အခန္းက႑အတြက္ အစိုးရတာဝန္ရွိသူေတြ၊ စီးပြားေရးလုပ္ငန္းအႀကီးအကဲေတြကို ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။
===================
[[Unicode]]
စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို ဒဏ်ခတ်အရေးယူဖို့ ကုလ ကိုယ်စားလှယ်တိုက်တွန်း
မြန်မာစစ်ကောင်စီဆက်နွယ်ပတ်သက်သူတွေကို စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေတဲ့ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာစေဖို့ တောင်ကိုရီးယားအစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ကိုလည်း အထူးကိုယ်စားလှယ် Thomas Andrews က တိုက်တွန်းပါတယ်။ ကုလအထူးကိုယ်စားလှယ် Thomas Andrews ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီး အခု ၆ ရက်မြောက် နောက်ဆုံးနေ့ တနင်္လာနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်တာပါ။
ယူကရိန်းကို ရုရှားကျူးကျော်စစ်ဖြစ်ပြီးနောက် ရုရှားပိုင်လုပ်ငန်းတွေအပေါ် နိုင်ငံတကာက အရေးယူဒဏ်ခတ်ရာမှာ တောင်ကိုရီးယားက ပါဝင်ပူးပေါင်းဆောင်ရွက်တာကို ထောက်ပြပြီး အာဏာသိမ်း မြန်မာစစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလားတူ အရေးယူဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ်က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နိုင်ငံရေးအကျဉ်းသားတချို့ကို စစ်ကောင်စီ ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာရဲ့အမြင်သဘောထားတွေ ပြောင်းလဲလာစေဖို့ အပေါ်ယံ ဟန်ပြတိုးတက်မှု လုပ်ပြတာဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ်က ဝေဖန်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အမျိုးသားအောင်ပွဲနေ့တုန်းက အကျဉ်းသား ၆ ထောင်နီးပါးလွှတ်ပေးခဲ့ရာမှာ NLD ပါတီရဲ့ ဩစတြေးလျ စီးပွားရေးအကြံပေးအပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့လည်း ပါဝင်ခဲ့ပါတယ်။ ကုလအထူးကိုယ်စားလှယ် Thomas Andrews ဟာ တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်က ရောက်ရှိပြီး မြန်မာ့အကျပ်အတည်းအခြေအနေကိုဖြေရှင်းရေး တောင်ကိုရီးယားနိုင်ငံရဲ့အခန်းကဏ္ဍအတွက် အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းအကြီးအကဲတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။