သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ချီတဲ့ တရုတ်အလုပ်သမားတွေ ဗီယက်နမ်ကထွက်ခွာ


ဗီယက်နမ်နိုင်ငံမှာ လူ၂ ဦးသေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာတွေရခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကြမ်းဘက်မှုတွေ နောက်ပိုင်း ထောင်နဲ့ချီတဲ့ တရုတ်အလုပ်သမားတွေကို ဗီယက်နမ်ကနေ သင်္ဘောတွေနဲ့ ပြန်လည် ခေါ်ထုတ်နေပါတယ်။

ဗီယက်နမ်အလယ်ပိုင်းက Vung Ang ဆိပ်ကမ်း ကနေ တနင်္လာနေ့မှာ သင်္ဘော ၂ စင်းနဲ့ လူပေါင်း ၉၀၀ ကျော်စီ တင်ဆောင်ပြီး ပြန်ခေါ်ခဲ့တယ်လို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။ လူပေါင်း တထောင်ကျော်ဆန့်တဲ့ နောက်ထပ် ၂ စင်းနဲ့လည်း တနင်္လာနေ့ ညနေမှာ ထပ်ပြီး ထွက်ခွါမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေဟာလည်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ကမ္ဘောဒီးယားနိုင်ငံထဲကို နယ်စပ်ကျော်ဖြတ် ထွက်ပြေးခဲ့ကြပါတယ်။
ကွန်မြူနစ် အစိုးရအုပ်ချုပ်တဲ့ ဗီယက်နမ်နိုင်ငံမှာ အခုလို အကြမ်းဘက်မှုတွေ ဖြစ်ပွါးလေ့မရှိပေမယ့် Paracel ကျွန်းတွေနားက ဗီယက်နမ်ရဲ့ စီးပွါးရေးဇုံအဖြစ် သတ်မှတ်ထားတဲ့ ရေပိုင်နက်ထဲမှာ တရုတ် အစိုးရပိုင် စွမ်းအင်ကုမ္ပဏီ CNOOC က ရေနက်ပိုင်း ရေနံတူးစင်ကြီးတခု တည်ဆောင်ဖို့ ကျိုးစားခဲ့ချိန်တဲ့နောက်ပိုင်း အခုလို အကြမ်းဘက်မှုတွေ ဖြစ်ပွါးခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်း ရဲက အခြေနေကို ဝင်ရောက် မထိမ်းသိမ်းခင်အချိန်အထိ တရုတ်နဲ့ တိုင်ဝမ်ပိုင် စက်ရုံပေါင်း ဒါဇင်နဲ့ ချီပြီး ဖျက်ဆီးတာတွေ လုယက်တာတွေ ခံခဲ့ရတာပါ။ တနင်္ဂနွေနေ့ကတော့ ဟနွိင်က တရုတ်သံရုံးရှေ့ ဆန္ဒပြကြဖို့ စီစဉ်ထားတာကို ဗီယက်နမ် ရဲတွေက ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြဖို့ ရောက်လာသူ အနဲငယ်ကိုလည်း ရဲက ချက်ချင်းပဲ ဝိုင်းရံထားခဲ့တာ ဖြစ်ပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG