သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်းထောင်သောင်းချီ ဘေးလွတ်ရာပြောင်းရွှေ့


အင်အားပြင်းထန်တဲ့ Remal ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စတင်တိုက်ခိုက်
အင်အားပြင်းထန်တဲ့ Remal ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စတင်တိုက်ခိုက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖို့ ရှိတာကြောင့် ကမ်းခြေကျေးရွာတွေက ထောင်ပေါင်းများစွာသော ဒေသခံတွေ ကုန်တွင်းပိုင်းမှာရှိတဲ့ ပိုမိုလုံခြုံတဲ့ အင်္ဂတေ အဆောက်အဦးတွေကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ပြောင်းရွေ့ ခိုလှုံနေကြပါတယ်။

ဆိုင်ကလုန်း Remal ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ကို ဒီကနေ့ ညနေနှောင်းပိုင်းမှာ ဝင်ရောက် တိုက်ခတ်ဖို့ ရှိနေတာမှာ ရေလှိုင်းကြီးတွေ ရိုက်ခတ်တာအပြင် တနာရီ ၁၃၀ ကီလိုမီတာရှိတဲ့ အင်အားပြင်း မုန်တိုင်းလည်း တိုက်ခတ်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

ကုန်းနိမ့်ပိုင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေထူထပ်တဲ့ ကမ်းခြေဒေသတွေကို မကြာသေးခင် ကာလတွေအတွင်း ဥတုရာသီ ပြောင်းလဲမှုကြောင့် အင်အားပြင်းထန်တဲ့ မုန်တိုင်း တနှစ်ကို ၁ ခုကနေ ၃ ခုအထိ ဝင်ရောက် တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

အခု ဆိုင်ကလုန်း Remal ဟာ အင်အားပြင်းထန်မှာ ဖြစ်တဲ့အတွက် အာဏာပိုင်တွေက မုန်တိုင်းသတိပေးချက် အမြင့်ဆုံးအထိ သတ်မှတ်ထားပြီး တံငါသည်တွေအနေနဲ့လည်း ပင်လယ်ပြင်ထွက် ငါးမဖမ်းကြဖို့ တားမြစ်ထားပါတယ်။

ကုန်းနိမ့်ပိုင်းမှာရှိနေပြီး လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည် ၃၆,၀၀၀ ခိုလှုံနေတဲ့ Bhashan Char ကျွန်းမှာလည်း မုန်တိုင်းခိုလှုံရေးဌာန ၅၇ ခု တည်ဆောက်ထားပြီး ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ဒုတိယအကြီးအကဲ Mohammad Rafiqul Haque က AFP သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ စစ်တကောင်းမြို့က သင်္ဘောဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေကိုလည်း ပိတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Forum

XS
SM
MD
LG