သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းလက္နက္ကိုင္အဖဲြ႕ အခ်င္းခ်င္းတိုက္ပဲြ ေဒသခံေတြ ဒုကၡ ေရာက္


SSPP ရွမ္းျပည္ေျမာက္ပိုင္းတပ္သားမ်ား

ရွမ္းျပည္နယ္အတြင္းမွာ တုိင္းရင္းသားလက္နက္ကိုင္ေတြအၾကား ျဖစ္ပြားတဲ့ တုိက္ပဲြေတြေၾကာင့္ ဒီရက္ပိုင္းအတြင္း သီေပါၿမိဳ႔နယ္မွာ စစ္ေျပးဒုကၡသည္ ၃၀၀ ေလာက္ ေရာက္႐ွိ ခိုလႈံေနၾကရပါတယ္။ မိုင္းကိုင္ၿမိဳ႔နယ္မွာေတာ့ ဒုကၡသည္ ၂၀၀၀ ေက်ာ္ေလာက္ တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ရွမ္းျပည္နယ္ဘက္က စစ္ေျပးဒုကၡသည္ေတြရဲ့ ေနာက္ဆံုး အေျခအေနကို ကို‌ေဇာ္မိုးေက်ာ္က တင္ျပထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္းမွာ TNLA တအန္း(ပေလာင္)၊ SSPP ရွမ္းျပည္ေျမာက္ပိုင္းပူးေပါင္းတပ္နဲ႔ RCSS ရွမ္းျပည္ေတာင္ပိုင္းတပ္ေတြအၾကား ဒီလ ၈ ရက္ေန႔ထဲက စတင္ တိုက္ပဲြျဖစ္ခဲ့ပါတယ္။ ဒီတုိက္ပဲြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြဟာ သီေပါၿမိဳ႔နယ္ ေဘာ္ၾကိဳဘုရားဘက္ကို လာေရာက္ တိမ္းေရွာင္ေနၾကတယ္လို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲအႏုိင္ရ သီေပါၿမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းမြမ္းမြမ္းေပါင္းက VOA ကို ေျပာပါတယ္။

“၂ရက္ရိွၿပီရွင့္။ သူတုိ႔ ေရာက္လာတာ။ အဓိကက ေဘာ္ၾကိဳနားနီးတဲ့ ေလာင္ခြန္အုပ္စုရယ္။ က်င္သီ အုပ္စုရယ္ေပါ့။ သူတုိ႔က ေဘာ္ၾကိဳဘုရားရဲ့ ဇရပ္ေတြမွာ ေနေနတာရွင့္။ မေန႔က စာရင္းကေတာ့ ၁၀၉ အိမ္ရွင့္။ ၁၀၉ အိမ္ဆုိ ဒီေန႔ ေန႔လည္သြားေတာ့ ၁၂၂ ျဖစ္သြားၿပီ။ လူဦးေရက ၂၇၁ ရွင့္။ ဒါေပမဲ့ နည္းနည္းတိုး လာေသးတယ္။ ခုနကေတာ့ မေရရဘူး။ စာရင္းက။”

သီေပါၿမိဳ႔နယ္ ေဘာ္ၾကိဳမွာ ေရာက္တဲ့ စစ္ေျပးဒုကၡသည္ေတြကို ေဒသခံ လူမႈကူညီေရးအသင္းေတြအျပင္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြေပးေနတဲ့ ႏိုင္ငံတကာကူညီကယ္ဆယ္ေရးေကာ္မတီ IRC က စားနပ္ရိကၡာေတြ လာေရာက္ေထာက္ပံ့တာေတြ႐ွိသလုိ၊ ကုလသမဂၢရဲ႕ Save the Children အဖဲြ႕လည္း လာေရာက္ဖုိ႔ ရိွေနတယ္လို႔ ေျပာပါတယ္။

လက္ရိွတုိ္က္ပဲြျဖစ္ပြားရာေနရာဟာ သီေပါနဲ႔ ေက်ာက္မဲ ၿမိဳ႔နယ္ အစပ္ေဒသမွာျဖစ္တာေၾကာင့္ ေက်ာက္မဲၿမိဳ႔နယ္ဘက္က ေက်းရြာတခ်ိဳ႔ကလည္း ေက်ာက္မဲ ၿမိဳ႔နယ္ဘက္ကို တိမ္းေရွာင္တာေတြ ရိွေနပါတယ္။ စစ္ေဘးလြတ္ရာ ေက်ာက္မဲၿမိဳ႔ေပၚ လာေရာက္ခိုလႈံေနသူေတြရဲ႕ အေျခအေနကို ေက်ာက္မဲေဒသခံတစ္ဦးက အခုလို ေျပာပါတယ္။

“ ေက်ာက္မဲဘက္အျခမ္းက်ေတာ့ ဘုန္းၾကီးေက်ာင္းေလး နည္းနည္းပါးပါးလာေနတယ္။ ေနာက္တစ္ခါ သူတို႔ မိတ္ေဆြေတြအိမ္ေပါ့။ မိတ္ေဆြေတြ အိမ္သြားေနၾကတယ္။ က်ေနာ့အိမ္မွာလည္း မိသားစု တစ္စု ရိွတာပဲ။ သူတုိ႔ကေတာ့ နီးေနေတာ့ ၾကိဳတင္ ေရွာင္တဲ့သေဘာပါ။ စစ္ေရွာင္စခန္းေတာ့ ဖြင့္မေပးေသးပါဘူး။ သူတုိ႔ ရြာထဲက ထြက္လာၿပီးေတာ့ စစ္ေရွာင္စခန္းမဟုတ္တဲ့အခါ စာရင္း ေကာက္လုိ႔ မရဘူး။ ”

တနလၤာေန႕အထိ ေသနတ္သံေတြ ၾကိဳးၾကား ၾကားေနရေၾကာင္းနဲ႔ ႏွစ္ဘက္ တပ္ေတြအၾကား စစ္ေရးတင္းမာေနဆဲျဖစ္ၿပီး တုိက္ပဲြေတြ ထပ္ျဖစ္လာႏိုင္ေၾကာင္း ေက်ာက္မဲနဲ႔ သီေပါၿမိဳ႔ခံေတြက ေျပာပါတယ္။

ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႔နယ္အတြင္းမွာလည္း SSPP ရွမ္းျပည္တုိးတက္ေရးပါတီနဲ႔ RCSS ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ ရဲ့တပ္ေတြတိုက္ပြဲျဖစ္ေနပါတယ္။ မိုင္းကိုင္ၿမိဳ႔ ေျမာက္ဘက္မွာ ဒီေန႔အထိ လက္နက္ၾကီးသံေတြနဲ႔ လက္နက္ငယ္သံေတြ ၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ွမ္းလက္နက္ကိုင္ ၂ ဖဲြ႔ၾကား ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာေလာက္ကတည္းက တိုက္ပဲြေတြ စတင္ျဖစ္ပြားခဲ့တာေၾကာင့္ မုိင္းကိုင္ၿမိဳ႔ေပၚမွာ စစ္ေျပးဒုကၡသည္ ၂၀၀၀ ေလာက္ ေရာက္ရိွေနၿပီး စားနပ္ရိကၡာ အခက္အခဲေတြ ရိွေနေၾကာင္း စစ္ေျပးလားသူေတြကို ကူညီေနသူ တစ္ဦးက ေျပာပါတယ္။

“ စစ္ေဘးေရွာင္ေတြကေတာ့ ျပန္တဲ့သူေတြလည္း ျပန္တာေပါ့။ ၿပီးက်ေတာ့ ထပ္လာတဲ့သူေတြလည္း ထပ္လာတယ္ဗ်။ တိုက္ပဲြနဲ႔ နီးတဲ့ ရြာေတြက်ေတာ့ ေရွာင္လာတာေပါ့ေလ။ ေ၀းတဲ့ေနရာက်ေတာ့ ျပန္သြားတာေပ့ါ။ ေနာက္ဆံုးစာရင္းလည္း update ေတာ့ ေသခ်ာေတာ့ မရဘူး။ ၀င္လုိက္ထြက္လုိက္ဆုိေတာ့။ ဒါေပမဲ့ ၂၀၀၀ ၀န္းက်င္ေလာက္ပါပဲ။ သူတို႔ အခက္အခဲေတာ့ စားေသာက္ပိုင္း ဆုိင္ရာေပါ့။ ဆန္၊ ဆီ၊ ဆား၊ ဟင္းေတြေပါ့ေလ။ ၿပီးက်ေတာ့ အခုရက္ပိုင္း မနက္ပိုင္း ႏွင္းေတြ ခဲေတာ့ ေစာင္အထူေတြနဲ႔ အခင္းေတြေတာ့ လုိတာေပါ့ေလ။ တခ်ိဳ႔က်ေတာ့လည္း လယ္ကြက္ထဲမွာ မုိးကာတဲထုိးၿပီးေနတဲ့သူေတြလည္းရိွတယ္ဗ်။ အဲဒါေၾကာင့္ ေစာင္ေတြေတာ့ လိုတာေပါ့။”

မိုင္းကိုင္ၿမိဳ႕နယ္ထဲက စစ္ေျပးဒုကၡသည္အမ်ားစုဟာ မိုင္းကိုင္ၿမိဳ႔ေပၚက ဘုန္းၾကီးေက်ာင္းအမ်ားစုမွာ ခိုလႈံေနၾကရတာျဖစ္ၿပီး အဲဒီမွာ အနည္းဆံုး ယာယီဒုကၡသည္စခန္း ၁၀ ေလာက္ ဖြင့္လွစ္ထားရပါတယ္။ ၿပီးခဲ့တဲ့လေတြက မိုင္းကိုင္ၿမိဳ႔နယ္အေရွ႔ပိုင္းက ေဒသခံ ၄၀၀၀ ေက်ာ္ေလာက္ စစ္ေဘးလြတ္ေအာင္ တိမ္းေရွာင္ခဲ့ရသလို ေဒသခံအခ်ိဳ႔ လက္နက္ၾကီးထိမွန္တာနဲ႔ မိုင္းနင္းမိတာေၾကာင့္ ေသဆံုးရတာေတြလည္း ရိွခဲ့ပါတယ္။

တိုက္ပဲြေတြ ရပ္ဆုိင္းဖုိ႔ကို ရွမ္းသံဃာေတာ္ေတြ၊ အရပ္ဘက္အဖဲြ႔အစည္းေတြ၊ ႏိုင္ငံေရးပါတီေတြက ရွမ္းတပ္ဖဲြ႔ ၂ဖဲြ႔ကို တိုက္တြန္းတာေတြ ရိွခဲ့ေပမဲ့ လက္ရိွအခ်ိန္ထိေတာ့ တိုက္ပြဲေတြ ဆက္ျဖစ္ေနစဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

ရှမ်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းတိုက်ပွဲ ဒေသခံတွေ ဒုက္ခ ရောက်

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း သီပေါမြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၃၀၀ လောက် ရောက်ရှိ ခိုလှုံနေကြရပါတယ်။ မိုင်းကိုင်မြို့နယ်မှာတော့ ဒုက္ခသည် ၂၀၀၀ ကျော်လောက် တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ရှမ်းပြည်နယ်ဘက်က စစ်ပြေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေကို ကို‌ဇော်မိုးကျော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေအကြား ဒီလ ၈ ရက်နေ့ထဲက စတင် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ သီပေါမြို့နယ် ဘော်ကြိုဘုရားဘက်ကို လာရောက် တိမ်းရှောင်နေကြတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက VOA ကို ပြောပါတယ်။

“၂ရက်ရှိပြီရှင့်။ သူတို့ ရောက်လာတာ။ အဓိကက ဘော်ကြိုနားနီးတဲ့ လောင်ခွန်အုပ်စုရယ်။ ကျင်သီ အုပ်စုရယ်ပေါ့။ သူတို့က ဘော်ကြိုဘုရားရဲ့ ဇရပ်တွေမှာ နေနေတာရှင့်။ မနေ့က စာရင်းကတော့ ၁၀၉ အိမ်ရှင့်။ ၁၀၉ အိမ်ဆို ဒီနေ့ နေ့လည်သွားတော့ ၁၂၂ ဖြစ်သွားပြီ။ လူဦးရေက ၂၇၁ ရှင့်။ ဒါပေမဲ့ နည်းနည်းတိုး လာသေးတယ်။ ခုနကတော့ မရေရဘူး။ စာရင်းက။”

သီပေါမြို့နယ် ဘော်ကြိုမှာ ရောက်တဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒေသခံ လူမှုကူညီရေးအသင်းတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ IRC က စားနပ်ရိက္ခာတွေ လာရောက်ထောက်ပံ့တာတွေရှိသလို၊ ကုလသမဂ္ဂရဲ့ Save the Children အဖွဲ့လည်း လာရောက်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာဟာ သီပေါနဲ့ ကျောက်မဲ မြို့နယ် အစပ်ဒေသမှာဖြစ်တာကြောင့် ကျောက်မဲမြို့နယ်ဘက်က ကျေးရွာတချို့ကလည်း ကျောက်မဲ မြို့နယ်ဘက်ကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။ စစ်ဘေးလွတ်ရာ ကျောက်မဲမြို့ပေါ် လာရောက်ခိုလှုံနေသူတွေရဲ့ အခြေအနေကို ကျောက်မဲဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ ကျောက်မဲဘက်အခြမ်းကျတော့ ဘုန်းကြီးကျောင်းလေး နည်းနည်းပါးပါးလာနေတယ်။ နောက်တစ်ခါ သူတို့ မိတ်ဆွေတွေအိမ်ပေါ့။ မိတ်ဆွေတွေ အိမ်သွားနေကြတယ်။ ကျနော့အိမ်မှာလည်း မိသားစု တစ်စု ရှိတာပဲ။ သူတို့ကတော့ နီးနေတော့ ကြိုတင် ရှောင်တဲ့သဘောပါ။ စစ်ရှောင်စခန်းတော့ ဖွင့်မပေးသေးပါဘူး။ သူတို့ ရွာထဲက ထွက်လာပြီးတော့ စစ်ရှောင်စခန်းမဟုတ်တဲ့အခါ စာရင်း ကောက်လို့ မရဘူး။ ”

တနင်္လာနေ့အထိ သေနတ်သံတွေ ကြိုးကြား ကြားနေရကြောင်းနဲ့ နှစ်ဘက် တပ်တွေအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်ကြောင်း ကျောက်မဲနဲ့ သီပေါမြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာလည်း SSPP ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရဲ့တပ်တွေတိုက်ပွဲဖြစ်နေပါတယ်။ မိုင်းကိုင်မြို့ မြောက်ဘက်မှာ ဒီနေ့အထိ လက်နက်ကြီးသံတွေနဲ့ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ကြား ပြီးခဲ့တဲ့နှစ် စက်တင်ဘာလောက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာကြောင့် မိုင်းကိုင်မြို့ပေါ်မှာ စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက် ရောက်ရှိနေပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေကြောင်း စစ်ပြေးလားသူတွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“ စစ်ဘေးရှောင်တွေကတော့ ပြန်တဲ့သူတွေလည်း ပြန်တာပေါ့။ ပြီးကျတော့ ထပ်လာတဲ့သူတွေလည်း ထပ်လာတယ်ဗျ။ တိုက်ပွဲနဲ့ နီးတဲ့ ရွာတွေကျတော့ ရှောင်လာတာပေါ့လေ။ ဝေးတဲ့နေရာကျတော့ ပြန်သွားတာပေ့ါ။ နောက်ဆုံးစာရင်းလည်း update တော့ သေချာတော့ မရဘူး။ ဝင်လိုက်ထွက်လိုက်ဆိုတော့။ ဒါပေမဲ့ ၂၀၀၀ ဝန်းကျင်လောက်ပါပဲ။ သူတို့ အခက်အခဲတော့ စားသောက်ပိုင်း ဆိုင်ရာပေါ့။ ဆန်၊ ဆီ၊ ဆား၊ ဟင်းတွေပေါ့လေ။ ပြီးကျတော့ အခုရက်ပိုင်း မနက်ပိုင်း နှင်းတွေ ခဲတော့ စောင်အထူတွေနဲ့ အခင်းတွေတော့ လိုတာပေါ့လေ။ တချို့ကျတော့လည်း လယ်ကွက်ထဲမှာ မိုးကာတဲထိုးပြီးနေတဲ့သူတွေလည်းရှိတယ်ဗျ။ အဲဒါကြောင့် စောင်တွေတော့ လိုတာပေါ့။”

မိုင်းကိုင်မြို့နယ်ထဲက စစ်ပြေးဒုက္ခသည်အများစုဟာ မိုင်းကိုင်မြို့ပေါ်က ဘုန်းကြီးကျောင်းအများစုမှာ ခိုလှုံနေကြရတာဖြစ်ပြီး အဲဒီမှာ အနည်းဆုံး ယာယီဒုက္ခသည်စခန်း ၁၀ လောက် ဖွင့်လှစ်ထားရပါတယ်။ ပြီးခဲ့တဲ့လတွေက မိုင်းကိုင်မြို့နယ်အရှေ့ပိုင်းက ဒေသခံ ၄၀၀၀ ကျော်လောက် စစ်ဘေးလွတ်အောင် တိမ်းရှောင်ခဲ့ရသလို ဒေသခံအချို့ လက်နက်ကြီးထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် သေဆုံးရတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ကို ရှမ်းသံဃာတော်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက ရှမ်းတပ်ဖွဲ့ ၂ဖွဲ့ကို တိုက်တွန်းတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေစဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG