သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲမှုကြောင့် တိမ်းရှောင်သူတွေ မုတ်သုန်မိုးအန္တရာယ်နဲ့ကြုံ


Evacuees carry their belongings as they arrive at a temporary relocation site at a school in Daraga town, Legaspi, Albay province, northeastern Philippines, June 10, 2023.
Evacuees carry their belongings as they arrive at a temporary relocation site at a school in Daraga town, Legaspi, Albay province, northeastern Philippines, June 10, 2023.

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မီးတောင်ပေါက်ကွဲမှုကနေ လွတ်မြောက်ဖို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ အခုနောက်ထပ်တခါ သဘာဝဘေးအန္တရာယ်အဖြစ် နီးကပ်လာနေတဲ့ တိုင်ဖွန်းမုန်တိုင်းကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မုန်တိုင်းကြောင့် အဲဒီဒေသတဝိုက် မုတ်သုံရာသီ မိုးကြီးမှု ဖြစ်ပေါ်လာနေခြေ ရှိနေတာပါ။

အရှေ့မြောက်ပိုင်း Albay ခရိုင်မှာရှိတဲ့ Mayon (မာယွန်) မီးတောင်ရှင် လှုပ်ခတ်လာတာကြောင့် ခြောက် ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ ရွာတွေက လူဦးရေ ၆၀၀၀ ကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။ နောက်ထပ် လူထောင်ပေါင်းများစွာဟာလည်း ရွှေ့ပြောင်းဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

တချိန်တည်းမှာပဲ တိုင်ဖွန်းမုန်တိုင်း Guchol ဟာ ဖိလစ်ပိုင်နိုင်ငံကို ချဉ်းကပ်လာနေကြောင်း အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဟာ ကျွန်းစုတွေကိုဖြတ်ကျော်ချိန်မှာ မိုးသည်းထန်စွာရွာသွန်းနိုင်တာကြောင့် မာယွန်မီးတောင်ရဲ့တောင်စောင်းတွေမှာ နေထိုင်သူတွေအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

Mayon မီးတောင်ရဲ့ လှပဆန်းကြယ်တဲ့ ပုံသဏ္ဍာန်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုတခုဖြစ်နေတာပါ။ ဒါပေမယ့် ၂၀၁၈ခုနှစ်မှာ နောက်ဆုံးအကြိမ်အဖြစ် မာယွန်မီးတောင် ပေါက်ကွဲခဲ့ပါတယ်။

XS
SM
MD
LG