သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား အလုပ်သမားသောင်းနဲ့ချီ ဆိုးလ်မြို့တော်မှာ ဆန္ဒပြ


Members of the Cargo Truckers Solidarity Union take part in a protest in front of a Samsung Electronics' factory in Gwangju, South Korea, June 14, 2022. Yonhap via REUTERS
Members of the Cargo Truckers Solidarity Union take part in a protest in front of a Samsung Electronics' factory in Gwangju, South Korea, June 14, 2022. Yonhap via REUTERS

တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ထရပ်ကားမောင်းသူတွေကို ဝန်စည်တင်ဆောက်ခ တိုးပေးဖို့အတွက် အလုပ်ကထွက်ဆန္ဒပြကြတဲ့ ထရပ်ကားသမားတွေကို မဖြစ်မနေ အလုပ်ခွင်ပြန်လာဖို့ အစိုးရက ဖိအားပေးတာကို မကျေနပ်တဲ့အတွက် အလုပ်သမားအဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ ဆန္ဒပြသူတွေ ထောင်သောင်းချီ ဒီကနေ့ ဆိုးလ်မြို့တော်မှာ ချီတက်ဆန္ဒပြကြပါတယ်။

သမ္မတ Yoon Suk Yeol ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ အလုပ်သမားတွေကို ဖိနှိပ်နေပြီး လောင်စာဆီဈေးတွေတက်လို့ ပိုဆိုးလာတဲ့ ကုန်တင်ကား မောင်းသူတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ခွင်အခြေအနေနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကို လစ်လျူရှုနေတယ်လို့ ဆန္ဒပြသူတွေ က စွပ်စွဲပါတယ်။ ဆန္ဒပြသူအများစုက ကိုရီးယား အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်ပြီး ဒီကနေ့ ဆိုးလ်မြို့တော်က လွှတ်တော် အဆောက်အဦးအနီး ဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ခဲ့တာမျိုးတော့ မကြားရသေးပါဘူး။

အလုပ်ထွက်ဆန္ဒပြကြတဲ့ ဘိလပ်မြေတင်ကားမောင်းသူ ၂၅၀၀ လောက်ကို သူတို့ရဲ့လုပ်ရပ်က နိုင်ငံ့စီးပွားရေးကို ထိခိုက်စေတယ်လို့ဆိုပြီး မဖြစ်မနေ အလုပ်ပြန်လာရမယ်လို့ အစိုးရက အင်္ဂါနေ့မှာ အမိန့်ထုတ်ခဲ့တာပါ။ ဒီအမိန့် ထုတ်ပြီးနောက်ပိုင်း ထရပ်ကားမောင်းသူ ဘယ်နှစ်ယောက်လောက် အလုပ်ခွင်ပြန်ဝင်နေကြသလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အလုပ်သမားသမဂ္ဂတွေကတော့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။ အမြင့်ဆုံးဝန်စည်ခ သတ်မှတ်စနစ်ကို အစိုးရက အမြဲတမ်းသတ်မှတ်ပေးသွားဖို့ ကုန်တင်ကားမောင်းသူများ ညီညွတ်ရေး သမဂ္ဂအဖွဲ့ဝင် သောင်းနဲ့ချီ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဆန္ဒပြနေကြတာပါ။ လက်ရှိရှိနေတဲ့ အမြင့်ဆုံးဝန်စည်ခ သတ်မှတ်စနစ်က ဒီနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

==== Unicode ====





XS
SM
MD
LG