မေလး႐ွားႏိုင္ငံေတာင္ပိုင္း Johor ျပည္နယ္မွာ ေရႀကီးမႈေၾကာင့္ လူ ၄ ေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။ ေရႀကီးေနတဲ့အတြက္ လူေပါင္း ၄ ေသာင္းေလာက္ ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေနၾကရတယ္လို႔ တာဝန္႐ွိသူေတြက ဒီကေန႔ စေနေန႔မွာ ေျပာၾကားပါတယ္။
ေရေဘးဒုကၡသည္ေတြအတြက္ ယာယီဒုကၡသည္စခန္း ၂၀၀ ေက်ာ္ ဖြင့္ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ မိုးရာသီ စတင္တဲ့ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလေတြမွာ အခုလို ေရႀကီးေလ့႐ွိတဲ့အတြက္ ႀကိဳတင္ျပင္ဆင္ထားေလ့ ႐ွိေပမဲ့၊ ေမွ်ာ္လင့္မထားတဲ့ အခုလိုအခ်ိန္မွာ ေရႀကီးတာေၾကာင့္ ေတာ္ေတာ္ေလး ဒုကၡေရာက္ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း မိုးႀကီးတဲ့ဒဏ္ခံေနရတဲ့ မေလး႐ွားႏိုင္ငံမွာ လာမယ့္ရက္ေတြမွာလည္း ဆက္ၿပီး မိုးသည္းထန္စြာ႐ြာမယ္လို႔ တာဝန္႐ွိသူေတြ သတိေပးထားပါတယ္။ မေလး႐ွားမွာ မုတ္သုန္ရာသီအစ ႏိုဝင္ဘာလထဲကစလို႔ မိုးအဆက္မျပတ္ ႐ြာသြန္းမႈကို ႀကဳံေနတာ ၆ ႀကိမ္ ႐ွိေနၿပီး၊ ဧၿပီလအထိ အခုလို အေျခအေနမ်ိဳး ျဖစ္ႏိုင္တယ္လို႔ မိုးဇလဌာနက ေျပာၾကားထားပါတယ္။
=== Unicode ====
မလေးရှားနိုင်ငံတောင်ပိုင်း Johor ပြည်နယ်မှာ ရေကြီးမှုကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ရေကြီးနေတဲ့အတွက် လူပေါင်း ၄ သောင်းလောက် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာ ပြောကြားပါတယ်။
ရေဘေးဒုက္ခသည်တွေအတွက် ယာယီဒုက္ခသည်စခန်း ၂၀၀ ကျော် ဖွင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မိုးရာသီ စတင်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အခုလို ရေကြီးလေ့ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားလေ့ ရှိပေမဲ့၊ မျှော်လင့်မထားတဲ့ အခုလိုအချိန်မှာ ရေကြီးတာကြောင့် တော်တော်လေး ဒုက္ခရောက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မိုးကြီးတဲ့ဒဏ်ခံနေရတဲ့ မလေးရှားနိုင်ငံမှာ လာမယ့်ရက်တွေမှာလည်း ဆက်ပြီး မိုးသည်းထန်စွာရွာမယ်လို့ တာဝန်ရှိသူတွေ သတိပေးထားပါတယ်။ မလေးရှားမှာ မုတ်သုန်ရာသီအစ နိုဝင်ဘာလထဲကစလို့ မိုးအဆက်မပြတ် ရွာသွန်းမှုကို ကြုံနေတာ ၆ ကြိမ် ရှိနေပြီး၊ ဧပြီလအထိ အခုလို အခြေအနေမျိုး ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက ပြောကြားထားပါတယ်။