Cambodia နိုင်ငံရဲ့ ဇူလိုင်လကရွေးကောက်ပွဲကို ဆန့်ကျင်ပြီး အတိုက်အခံပါတီကို ထောက်ခံသူတွေ Phnom Pen မြို့တော်မှာ တနင်္ဂနွေနေ့က အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲအတွင်း မဲထည့်ဝင်မှုတွေမှာ မသမာမှုတွေရှိခဲ့တယ်ဆိုတာကို လွတ်လပ်တဲ့ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုမှုတခုအဖြစ် လူပေါင်း တသောင်းလောက် စုဝေးဆန္ဒပြခဲ့ကြတာပါ။ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လက်ရှိအာဏာရပါတီကတော့ ဒီတောင်းဆိုချက်ကို ပယ်ချပြီး အတိုက်အခံဖက်ကလည်း လွှတ်တော်ကို သပိတ်မှောက်ထားတာကြောင့် နှစ်ဘက်စလုံးက ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေတာပါ။
အခုကျင်းပခဲ့တဲ့ လူထုစုဝေးမှုကလေည်း ဒီလို နိုင်ငံရေးအရ ပိတ်ဆို့နေတဲ့ အခြေအနေကို ဘယ်လိုရှင်းမလဲဆိုတာ အဖြေရှာဖို့ ရည်ရွယ်တာဖြစ်ပြီးတော့ အဲဒီ ဇူလိုင်လကရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး သူတို့ပါတီရဲ့ ကန့်ကွက်မှုကို ကုလသမဂ္ဂက ထောက်ခံပေးဖို့ ဝိုင်းဝန်းတောင်းဆိုတဲ့နေရာမှာ အများရဲ့ထောက်ခံမှု ရအောင်လုပ်ဆောင်တဲ့ စုဝေးပွဲလည်းဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီက မထင်ရလောက်အောင်ကို ရွေးကောက်ပွဲ ရလဒ်က အားနည်းခဲ့ပြီး ဆယ်စုနှစ်တခုလောက်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့တာပါ။