သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာတာမွာ ႏိုင္ငံျခားသားလုပ္သားေတြကို အိမ္ေတြကေန အတင္းဖယ္ရွား


A count down clock is displayed at the seafront in Doha, Qatar, Tuesday, March 29, 2022. Qatar's residents squeezed as World Cup rental demand soars. (AP Photo/Darko Bandic, File)

ကာတာႏိုင္ငံမွာ ကမာၻ႔ဖလားေဘာလုံးပြဲမတိုင္ခင္ ေထာင္ဂဏန္းေတြခ်ီတဲ့ ႏိုင္ငံျခားသား အေျခခံလုပ္သားေတြကို ၿမိဳ႕ထဲအိမ္ယာေတြကေန ရွင္းထုတ္ေနပါတယ္။

ကမာၻ႔ဖလားပြဲလာၾကည့္မဲ့ ပရိသတ္ေတြ ေရာက္လာမယ့္ ၿမိဳ႕ေတာ္ Doha ရဲ႕ အနီးတဝိုက္ရပ္ကြက္ေတြက Apartment တိုက္ခန္းတြဲေတြမွာ ေနေနတဲ့ အာရွနဲ႔ အာဖရိက လုပ္သားေတြအမ်ားစုပါတဲ့ ျပည္ပလုပ္သားေတြကို၊ ကာတာအာဏာပိုင္ေတြက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ မျဖစ္မေန ထြက္သြားၾကေအာင္ ႏွင္ထုတ္လိုက္တာပါ။

တဒါဇင္ေက်ာ္ ဒီအေဆာက္အဦးေတြကို ျမဳနီစပါယ္အရာရွိေတြက ေ႐ႊ႕ေျပာင္းပိတ္သိမ္းလိုက္တာမို႔၊ လုပ္သားေတြဟာ ရတဲ့ေနရာမွာ တခ်ိဳ႕ဆို အရင္ေနတဲ့နားက လမ္းေတြေပၚမွာပဲ ယာယီတဲထိုးေနေနရတယ္လို႔ ႏွွင္ထုတ္ခံရတဲ့ လုပ္သားေတြေျပာခဲ့တာကို ႐ိုက္တာ့စ္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ၿမိဳ ႔ေတာ္ Doha ရဲ႕ Al Mansoura အရပ္ရွိ လူေပါင္း ၁၂၀၀ ေက်ာ္ရွိတဲ့ တိုက္ခန္းတြဲႀကီးမွာဆိုရင္ ဒီျမဳနီစပါယ္အရာရွိေတြက လူေတြကို ၂ နာရီအတြင္း ထြက္ေပးရမယ္လို႔ ၾကာသပေတးေန႔ ည ၈ နာရီမွာ အတင္းလာေျပာခဲ့တာလို႔ ႏွင္ထုတ္ခံခဲ့ရသူေတြက ဆက္ေျပာခဲ့ပါတယ္။

အလုပ္သမားေတြထဲ အမ်ားစုက ေတာင္အာရွေဒသျဖစ္ၾကၿပီး ဘဂၤလီေတြ၊ ပါကစၥတန္ေတြ ျဖစ္ၾကပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ကမာၻ႔ဖလားပြဲအေအာက္အအုံေတြ၊ ေဆာက္လုပ္ေရးေတြက ေဆာက္လုပ္ေရးလုပ္သားေတြ ျဖစ္ၾကပါတယ္။ အဲဒီေန႔ညမွာပဲ ျမဳနီစပါယ္အရာရွိေတြက ည ၁၀ နာရီခြဲမွာ ျပန္လာၾကည့္ၿပီး တိုက္ခန္းတြဲထဲက လူေတြကုန္တဲ့အထိ အတင္းေမာင္းထုတ္ၿပီး အခန္းတံခါးေတြကိုပါ ေသာ့ခတ္ပတ္ပစ္ခဲ့တယ္။ တခ်ိဳ.ဆို ပစၥည္းတခ်ဳိ ႔သပ္ဖို႔ အခ်ိန္မရဘဲ ထြက္ေပးခဲ့ရသူေတြက ရွင္းျပပါတယ္။

တခ်ဳိ ႔လည္း ဘယ္သြားေနရမွန္း မသိတာမို႔ အိမ္အျပင္မွာပဲ၊ ေနာက္တညဆက္အိပ္ရဦးမယ္လို႔ တျခားသူ ၁၀ ဦးနဲ႔ အခုလို အျပင္မွာအိပ္ခဲ့တဲ့ အက်ႌဗလာ လုပ္သားတစ္ဦးက ႐ိုက္တာ့စ္ သတင္းဌာနကို ေျပာခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔လုံၿခဳံေရးအတြက္ နာမည္ေတြေတာ့ ထည့္မေျပာခဲ့ပါဘူး။

ႏိုဝင္ဘာ ၂၀ ရက္မွာ က်င္းပမယ့္ ကမာၻ႔ေဘာလုံးၿပိဳင္ပြဲႀကီး Doha ၿမိဳ ႔ေတာ္မွာ လုပ္ဖို႔ ၄ ပါတ္ေတာင္ မရွိေတာ့ခ်ိန္၊ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း ကာတာရဲ႕လုပ္ရပ္ေတြကို ေစာင့္ၾကည့္အကဲခတ္ေနခ်ိန္ႀကီးမွာ အခုလို ႏွင္ထုတ္တာေတြ ျဖစ္လာတာပါ။

=== Unicode ===

ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲမတိုင်ခင် ထောင်ဂဏန်းတွေချီတဲ့ နိုင်ငံခြားသား အခြေခံလုပ်သားတွေကို မြို့ထဲအိမ်ယာတွေကနေ ရှင်းထုတ်နေပါတယ်။

ကမ္ဘာ့ဖလားပွဲလာကြည့်မဲ့ ပရိသတ်တွေ ရောက်လာမယ့် မြို့တော် Doha ရဲ့ အနီးတဝိုက်ရပ်ကွက်တွေက Apartment တိုက်ခန်းတွဲတွေမှာ နေနေတဲ့ အာရှနဲ့ အာဖရိက လုပ်သားတွေအများစုပါတဲ့ ပြည်ပလုပ်သားတွေကို၊ ကာတာအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ မဖြစ်မနေ ထွက်သွားကြအောင် နှင်ထုတ်လိုက်တာပါ။

တဒါဇင်ကျော် ဒီအဆောက်အဦးတွေကို မြုနီစပါယ်အရာရှိတွေက ရွှေ့ပြောင်းပိတ်သိမ်းလိုက်တာမို့၊ လုပ်သားတွေဟာ ရတဲ့နေရာမှာ တချို့ဆို အရင်နေတဲ့နားက လမ်းတွေပေါ်မှာပဲ ယာယီတဲထိုးနေနေရတယ်လို့ နှင်ထုတ်ခံရတဲ့ လုပ်သားတွေပြောခဲ့တာကို ရိုက်တာ့စ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မြို့တော် Doha ရဲ့ Al Mansoura အရပ်ရှိ လူပေါင်း ၁၂၀၀ ကျော်ရှိတဲ့ တိုက်ခန်းတွဲကြီးမှာဆိုရင် ဒီမြုနီစပါယ်အရာရှိတွေက လူတွေကို ၂ နာရီအတွင်း ထွက်ပေးရမယ်လို့ ကြာသပတေးနေ့ ည ၈ နာရီမှာ အတင်းလာပြောခဲ့တာလို့ နှင်ထုတ်ခံခဲ့ရသူတွေက ဆက်ပြောခဲ့ပါတယ်။

အလုပ်သမားတွေထဲ အများစုက တောင်အာရှဒေသဖြစ်ကြပြီး ဘင်္ဂလီတွေ၊ ပါကစ္စတန်တွေ ဖြစ်ကြပါတယ်။ တော်တော်များများက ကမ္ဘာ့ဖလားပွဲအအောက်အအုံတွေ၊ ဆောက်လုပ်ရေးတွေက ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ကြပါတယ်။ အဲဒီနေ့ညမှာပဲ မြုနီစပါယ်အရာရှိတွေက ည ၁၀ နာရီခွဲမှာ ပြန်လာကြည့်ပြီး တိုက်ခန်းတွဲထဲက လူတွေကုန်တဲ့အထိ အတင်းမောင်းထုတ်ပြီး အခန်းတံခါးတွေကိုပါ သော့ခတ်ပတ်ပစ်ခဲ့တယ်။ တချို.ဆို ပစ္စည်းတချို့သပ်ဖို့ အချိန်မရဘဲ ထွက်ပေးခဲ့ရသူတွေက ရှင်းပြပါတယ်။

တချို့လည်း ဘယ်သွားနေရမှန်း မသိတာမို့ အိမ်အပြင်မှာပဲ၊ နောက်တညဆက်အိပ်ရဦးမယ်လို့ တခြားသူ ၁၀ ဦးနဲ့ အခုလို အပြင်မှာအိပ်ခဲ့တဲ့ အင်္ကျီဗလာ လုပ်သားတစ်ဦးက ရိုက်တာ့စ် သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လုံခြုံရေးအတွက် နာမည်တွေတော့ ထည့်မပြောခဲ့ပါဘူး။

နိုဝင်ဘာ ၂၀ ရက်မှာ ကျင်းပမယ့် ကမ္ဘာ့ဘောလုံးပြိုင်ပွဲကြီး Doha မြို့တော်မှာ လုပ်ဖို့ ၄ ပါတ်တောင် မရှိတော့ချိန်၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကာတာရဲ့လုပ်ရပ်တွေကို စောင့်ကြည့်အကဲခတ်နေချိန်ကြီးမှာ အခုလို နှင်ထုတ်တာတွေ ဖြစ်လာတာပါ။

XS
SM
MD
LG