သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းရွှေ့ဒုက္ခသည် စာနာရေး လန်ဒန်မှာဆန္ဒပြ


ဒုက္ခသည်တွေဝင်ခွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ အင်္ဂလန်ပြည်သူများ။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)
ဒုက္ခသည်တွေဝင်ခွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ အင်္ဂလန်ပြည်သူများ။ (စက်တင်ဘာ ၁၂၊ ၂၀၁၅)

ဥရောပအဖွဲ့ဝင်နိုင်ငံတွေမှာ စနေနေ့က အရှေ့အလယ်ပိုင်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကြီးထွားလာနေတဲ့ ဒုက္ခသည်အကြပ်အတည်းအပေါ် ဗြိတိန်အစိုးရရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ လန်ဒန်မြို့လယ်မှာ လူပေါင်းထောင်ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေရဲ့ ဘဝတွေကို စာနာထောက်ထားကြောင်း ပြသတဲ့အနေနဲ့ လွှတ်တော်ရင်ပြင်ကို ချီတက်ခဲ့ကြတာပါ။

ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ ပိုစတာတွေမှာတော့ နယ်စပ်တံခါးတွေ ဖွင့်ထားပါ.. ဒုက္ခသည်တွေ ဝင်လာကြပါ၊ အာဏာရ တိုရီပါတီ (Tories) ထွက်ပါ ဆိုတဲ့ စာသားတွေ တွေ့ရပါတယ်။ ဝန်ကြီးချုပ် David Cameron ရဲ့အာဏာရပါတီကတော့ ၅ နှစ်ကျော်အတွင်း ဒုက္ခသည်ဦးရေ ၂ သောင်းလောက်ကိုသာ လက်ခံဖို့ ပြီးခဲ့တဲ့အပတ်ကမှ လက်ခံခဲ့တာပါ။

ဒီနှစ်ထဲ EU ဥရောပသမဂ္ဂနိုင်ငံတွေမှာ ၅ သိန်းလောက်ရှိတဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ဒုက္ခသည်တွေက ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG