သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်ပြည်သူတွေ IS ဆန့်ကျင်ဆန္ဒပြ


IS ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဂျော်ဒန်ပြည်သူတွေ (ဖေဖော်ဝါရီ ၆-၂၀၁၅)
IS ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ဂျော်ဒန်ပြည်သူတွေ (ဖေဖော်ဝါရီ ၆-၂၀၁၅)

IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ဂျော်ဒန် တိုက်လေယာဉ်မှူးကို သတ်ဖြတ် လိုက်တာကို လက်စားချေတဲ့ အနေနဲ့ ဂျော်ဒန်က လေကြောင်းစစ်ဆင်ရေး ပြုလုပ်နေ တာကို ထောက်ခံတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ မြို့တော် Amman က လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ Al-Husseini ဗလီကျောင်းက သောကြာနေ့ ဝတ်ပြုဆုတောင်းအပြီး ထွက်လာကြတဲ့ အဲဒီ ထောင်နဲ့ချီတဲ့ သူတွေဟာ ဂျော်ဒန်အလံတွေကို ဝှေ့ယမ်း၊ အစ္စလာမ်မစ်အဖွဲ့ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး မြို့တော် လမ်းတွေမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

ဆီးရီးယားနိုင်ငံအတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖမ်းဆီးခံလိုက်ရတဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူး Muath al-Kaseasbeh ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့ အတွက် လက်စားချေတဲ့အနေနဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေအပေါ် အခုပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အစပဲ ရှိသေးကြောင်း ဂျော်ဒန်အစိုးရက ပြောပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေပေါ် ပြင်းထန်တဲ့ လက်စားချေမှုတွေ ပြုလုပ် သွားမယ်လို့ ဂျော်ဒန်ဘုရင် Abdullah က ပြောဆိုအပြီး ဆီးရီးယားနဲ့ အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဒါဇင်နဲ့ချီ ပြုလုပ်ခဲ့တာပါ။

အင်္ဂါနေ့က အင်တာနက် အွန်လိုင်းပေါ်ကနေတဆင့် IS အဖွဲ့က ထုတ်ပြခဲ့တဲ့ ဗွီဒီယိုထဲ မှာတော့ ဒီ တိုက်လေယာဉ်မှူးကို လှောင်အိမ်တခုထဲမှာ ထည့်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာကို ပြသထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG