သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုရထားပေါ် ဓားထိုးမှု သုံးဦးဒဏ်ရာရ၊အမျိုးသမီးတဦးကို ထိန်းသိမ်းထား 


ဂျပန်နိုင်ငံ တိုကျိုမြို့တော် အာကိဟာဘာရ (Akihabara) ဘူတာရုံက ရထားတစင်းပေါ်မှာ ဗုဒ္ဓဟူးနေ့က ဓားကိုင်ထားတဲ့အမျိုးသမီးတဦးရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရာသွားသူကို သယ်ဆောင်လာတဲ့ ကယ််ဆယ်ရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၃၊ ၂၀၂၄/ရိုက်တာ)
ဂျပန်နိုင်ငံ တိုကျိုမြို့တော် အာကိဟာဘာရ (Akihabara) ဘူတာရုံက ရထားတစင်းပေါ်မှာ ဗုဒ္ဓဟူးနေ့က ဓားကိုင်ထားတဲ့အမျိုးသမီးတဦးရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရာသွားသူကို သယ်ဆောင်လာတဲ့ ကယ််ဆယ်ရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၃၊ ၂၀၂၄/ရိုက်တာ)

ဂျပန်နိုင်ငံ တိုကျိုမြို့တော် အာကိဟာဘာရ (Akihabara) ဘူတာရုံက ရထားတစင်းပေါ်မှာ ဗုဒ္ဓဟူးနေ့က ဓားကိုင်ထားတဲ့အမျိုးသမီးတဦးရဲ့တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒေသစံတော်ချိန် ည ၁၁ နာရီမထိုးခင်မှာ လူစီးများတဲ့ ယာမာနိုတဲ (Yamanote) ရထားလမ်းကြောင်းအတိုင်း ပြေးဆွဲနေတဲ့ရထားပေါ်မှာ အမျိုးသမီး တဦးက ဓားနဲ့ တိုက်ခိုက်နေကြောင်း တိုင်ကြားတဲ့ အရေးပေါ်ဖုန်း လက်ခံရရှိခဲ့တယ်လို့ တိုကျိုမြို့တော်ရဲဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ အဲဒီ အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရာရ အမျိုးသား (၃) ဦးရဲ့ အခြေအနေကို မသိရသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ကျိုဒိုသတင်းဌာနရဲ့ ရေးသားချက်မှာတော့ ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဖော်ပြထားပါတယ်။ အစိုးရပိုင် NHK သတင်းဌာနရဲ့ ကနဦးသတင်းထုတ်ပြန်ချက်မှာတော့ လူလေးဦး ဓားထိုးခံခဲ့ရတယ် ဆိုပါတယ်။
အရှေ့ဂျပန်မီးရထားကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာတော့ "ရထားပေါ်မှာ ပြဿနာ ဖြစ်လို့" ယာမာနိုတဲ (Yamanote) ရထားလမ်းကြောင်းလိုင်းကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။
အခင်းဖြစ်ခဲ့တဲ့ အာကိဟာဘာရ ဘူတာရုံရပ်ကွက်ဟာ အီလက်ထရွန်နစ်ပစ္စည်း လက်လီအရောင်းဆိုင်တွေ အများစုရှိပြီး တိုကျိုမှာ အဓိက လူသွားများတဲ နေရာတခုဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းတွေ၊ ရုပ်ပြစာအုပ်တွေနဲ့ ထူးခြားဆန်းပြားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း လူသိများပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG