သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္းပစ္ခတ္မႈ ခြဲထြက္ေရးလက္နက္ကိုင္ ၃ ဦးေသဆုံး


Thailand Southern Violence

ထိုင္းႏိုင္ငံေတာင္ပိုင္း Narathiwat ျပည္နယ္ထဲမွာ ခြဲထြက္ေရးသမားေတြနဲ႔ ထိုင္းအစိုးရတပ္ေတြၾကား အျပန္အလွန္ပစ္ခတ္မႈအတြင္း ၃ ေယာက္ ေသဆုံးတယ္လို႔ ထိုင္းရဲတပ္ဖြဲ႔က ဒီေန႔ ေျပာၾကားပါတယ္။ ထိုင္းရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ စစ္သားေတြ ေတာင္တခုေပၚတက္ၿပီး ကင္းလွည့္စဥ္ လက္နက္ကိုင္ခြဲထြက္ေရးအဖြဲ႔တခုနဲ႔ ရင္ဆိုင္တိုးၿပီး သူတို႔ဘက္က စတင္ပစ္ခတ္တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

အျပန္အလွန္ပစ္ခတ္မႈအတြင္း ေသဆုံးသူ ၃ ေယာက္လုံးက ထိုင္းမြတ္ဆလင္ေတြ ျဖစ္တယ္လို႔ ထိုင္းရဲခ်ဳပ္ Suthon Sukwiset ရဲ႕ အေျပာကို AFP သတင္းမွာ ကိုးကားေဖာ္ျပထားပါတယ္။ M16 လက္နက္ ၃ လက္ကိုလည္း သိမ္းဆည္းမိတယ္လို႔ ေျပာပါတယ္။

၅ နာရီေလာက္ၾကာတဲ့ စစ္ဆင္ေရးအတြင္း ရဲနဲ႔ စစ္သားေတြဘက္ကေတာ့ အထိအခိုက္မ႐ွိဘူးလို႔လည္း ဆိုပါတယ္။ မေလး႐ွားႏိုင္ငံနဲ႔ နယ္စပ္ျဖစ္ၿပီး၊ မြတ္ဆလင္အမ်ားစုေနထိုင္တဲ့ ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ခြဲထြက္ေရး လိုလားတဲ့ မြတ္ဆလင္ခြဲထြက္ေရးသမားေတြနဲ႔ လုံျခဳံေရးတပ္ဖြဲ႔ဝင္ေတြၾကား ၂၀၀၄ ခုႏွစ္ထဲက ပဋိပကၡေတြျဖစ္ေနတာျဖစ္ၿပီး၊ မၿငိမ္သက္မႈေတြအတြင္း ေဒသခံေတြအပါအဝင္ ေသဆုံးသူ ၇ ေထာင္ေက်ာ ္႐ွိေနပါၿပီ။

ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ကေတာ့ ထိုင္းအစိုးရကိုယ္စားလွယ္ေတြနဲ႔ Barisan Revolusi Nasional သူပုန္အဖြဲ႕ကိုယ္စားလွယ္ေတြ မေလး႐ွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကေပမဲ့ သိသာတဲ့သေဘာတူညီမႈ မရ႐ွိခဲ့ၾကပါဘူး။ ခြဲထြက္ေရး လိုလားသူေတြ႐ွိတဲ့ ထိုင္းေတာင္ပိုင္းျပည္နယ္ေတြမွာ ထိုင္းအစိုးရက လုံျခံဳေရး အထူအထပ္ခ်ထားပါတယ္။

==== Unicode =====

ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ထဲမှာ ခွဲထွက်ရေးသမားတွေနဲ့ ထိုင်းအစိုးရတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ၃ ယောက် သေဆုံးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ ပြောကြားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေ တောင်တခုပေါ်တက်ပြီး ကင်းလှည့်စဉ် လက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့တခုနဲ့ ရင်ဆိုင်တိုးပြီး သူတို့ဘက်က စတင်ပစ်ခတ်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၃ ယောက်လုံးက ထိုင်းမွတ်ဆလင်တွေ ဖြစ်တယ်လို့ ထိုင်းရဲချုပ် Suthon Sukwiset ရဲ့ အပြောကို AFP သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။ M16 လက်နက် ၃ လက်ကိုလည်း သိမ်းဆည်းမိတယ်လို့ ပြောပါတယ်။

၅ နာရီလောက်ကြာတဲ့ စစ်ဆင်ရေးအတွင်း ရဲနဲ့ စစ်သားတွေဘက်ကတော့ အထိအခိုက်မရှိဘူးလို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံနဲ့ နယ်စပ်ဖြစ်ပြီး၊ မွတ်ဆလင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေး လိုလားတဲ့ မွတ်ဆလင်ခွဲထွက်ရေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ၂၀၀၄ ခုနှစ်ထဲက ပဋိပက္ခတွေဖြစ်နေတာဖြစ်ပြီး၊ မငြိမ်သက်မှုတွေအတွင်း ဒေသခံတွေအပါအဝင် သေဆုံးသူ ၇ ထောင်ကျော်ရှိနေပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ ထိုင်းအစိုးရကိုယ်စားလှယ်တွေနဲ့ Barisan Revolusi Nasional သူပုန်အဖွဲ့ကိုယ်စားလှယ်တွေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ သိသာတဲ့သဘောတူညီမှု မရရှိခဲ့ကြပါဘူး။ ခွဲထွက်ရေး လိုလားသူတွေရှိတဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေမှာ ထိုင်းအစိုးရက လုံခြုံရေး အထူအထပ်ချထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG