သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ဂျပန်အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ


အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုပြဿနာ ဖြေရှင်းပေးရေး မွမ်ဘိုင်းမြို့မှာ ကျောင်းသူတွေ ကန့်ကွက် ဆန္ဒပြနေပုံ။
အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုပြဿနာ ဖြေရှင်းပေးရေး မွမ်ဘိုင်းမြို့မှာ ကျောင်းသူတွေ ကန့်ကွက် ဆန္ဒပြနေပုံ။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဂျပန်အမျိုးသမီးတဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်မှုနဲ့ သံသယရှိသူ အမျိုးသား ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယရဲတွေက ပြောပါတယ်။

ဘုရားဖူးတွေ အများအပြား လာရောက်ရာ ဗုဒ္ဓဂါယာအနီးက ရွာတရွာမှာ ဂျပန်ကျောင်းသူတဦးကို သီတင်း ၃ ပတ်လောက် ပြန်ပေးဆွဲသွားတာ ဖြစ်ကြောင်းနဲ့ အသက် ၂၀ အရွယ် ကျောင်းသူလေးကို ဖမ်းထားတဲ့အမျိုးသားက စုစုပေါင်း ၅ ယောက်ရှိမယ်လို့ ယုံကြည်ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သံသယနဲ့ ဖမ်းထားသူတွေထဲက အနည်းဆုံးတယောက်ဟာ ခရီးသွားလမ်းညွှန်ဖြစ်ပြီး ကျောင်းသူလေးကို အခုလို ပြန်ပေးဆွဲဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ဗုဒ္ဓဂါယာဘက်ကို လိုက်ပို့ခဲ့သူလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက သူမဟာ ဖမ်းထားသူတွေလက်ထဲက လွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့ပြီး Kolkata မြို့ကိုအရောက်သွားနိုင်ခဲ့တာမို့ အဲဒီက ဂျပန် ကောင်စစ်ဝန်ရုံးကို သွားရောက် တိုင်ကြားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဘတ်စကားတစီးပေါ်မှာ လိုက်ပါလာတဲ့အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးကို ရက်ရက်စက်စက် အုပ်စုလိုက် အဓမ္မပြုကျင့်မှု ပေါ်ပေါက်ခဲ့တဲ့နောက်မှာ အိန္ဒိယနိုင်ငံဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဘက်မှုတွေများပြားလှတဲ့ နိုင်ငံအဖြစ် နိုင်ငံတကာက သတိထားလာ မိကြတာဖြစ်ပါတယ်။အဲဒီအချိန်ကစပြီး ဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာခဲ့ပေမယ့် တကယ်တမ်း အမျိုးသမီးတွေအပေါ် ခြိမ်းခြောက် စော်ကားမှုတွေနဲ့ အကြမ်းဘက်မှုတွေ တိုက်ဖျက်ဖို့ အိန္ဒိယလူမှုအသိုင်းအဝိုင်းကို သူတို့ရဲ့ သဘောထားအမြင်နဲ့ ဆက်ဆံမှုတွေ သေသေချာချာ ပြောင်းလဲအောင်လုပ်ပေးဖို့တော့လိုအပ်နေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG