သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ဆယ်ကျော်သက် သတ်ဖြတ်မှု ဂျူး သုံးဦး ဖြောင့်ချက်ပေး


၁၉၄၆ မှ ၂၀၀၇ ခုနှစ်အထိ အစ္စရေး၊ ပါလက်စတိုင်း မြေပုံ။
၁၉၄၆ မှ ၂၀၀၇ ခုနှစ်အထိ အစ္စရေး၊ ပါလက်စတိုင်း မြေပုံ။

ပါလက်စတိုင်းဆယ်ကျော်သက် လူငယ်တယောက်ကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ရာမှာ ပါဝင်တယ်လို့ မသင်္ကာသူ ဂျူးလူမျိုး ၆ ယောက်ထဲက ၃ ယောက်ဟာ ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပြီး သူတို့ ကျူးလွန်ခဲ့ပုံအဆင့်ဆင့်ကို တာဝန်ရှိသူတွေရှေ့မှာ ပြန်လုပ်ပြခဲ့ကြတယ်လို့ အစ္စရေး ရဲတပ်ဖွဲ့ကပြောပါတယ်။

အသက် ၁၆ နှစ်အရွယ် Mohammed Abu Khadeir (မိုဟာမက် အဘူ ခါဒီယာ) ကို မီးရှို့သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အုတ်အော်သောင်းနင်း ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို ပပျောက်စေဖို့ အစ္စရေးတာဝန်ရှိသူတွေက ကြိုးစား စုံစမ်းစစ်ဆေးနေရာမှာ တနင်္လာနေ့က အခုလို ဖေါ်ထုတ်လိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုဟာ အစ္စရေးလူငယ်သုံးယောက်ကို ပြီးခဲ့တဲ့လအတွင်း တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံခဲ့ရပြီး အလောင်းတွေပဲ ပြန်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ကလဲ့စားခြေတာဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။

တနင်္လာနေ့အတွင်း ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံထဲကို ဒါဇင်နဲ့ချီတဲ့ ရော့ကက်ဒုံးကြည်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒါကြောင့် လေကြောင်းအချက်ပေး ဥသြတွေဆွဲနေပြီး အစ္စရေးတပ်ဖွဲ့တွေကို နယ်စပ်တလျှောက် ထပ်မံပို့လွှတ်နေပါတယ်။

ညဖက်အမှောင်ထုကျရောက်ပြီးတဲ့နောက်ပိုင်း ဂါဇာကမ်းမြောင်ဖက်ခြမ်းကနေ အစ္စရေးနိုင်ငံထဲကို တနာရီအတွင်း ရော့ကက် ဒုံးကျည်ပေါင်း ၄၀ ပစ်ခတ်ခဲ့တယ်လို့ စစ်ဖက်ကပြောပါတယ်။ အစ္စရေးကလည်း လေကြောင်းကနေ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း သူတို့အဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG