သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြပွဲနှိမ်နင်းမှု အသေအပျောက်ရှိ


သမ္မတဟောင်းမူဘာရက်ခ်ကို တရားသေလွှတ်ကြောင်း စီရင်ချက်ချအပြီး အစိုးရဆန့်ကျင်ရေးကြွေးကြော်နေကြတဲ့ ကန့်ကွက်ဆန္ဒပြသူများ။
သမ္မတဟောင်းမူဘာရက်ခ်ကို တရားသေလွှတ်ကြောင်း စီရင်ချက်ချအပြီး အစိုးရဆန့်ကျင်ရေးကြွေးကြော်နေကြတဲ့ ကန့်ကွက်ဆန္ဒပြသူများ။

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း Hosni Mubarak အပေါ်စွဲချက်အားလုံးကို ကင်းလွတ်ခွင့်ပေးခဲ့တဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ကြသူ ၁ ထောင်ကျော်ကို
ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူနှစ်ယောက် အနည်းဆုံးသေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

၂၀၁၁ ခုနှစ်က မူဘာရက်အစိုးရဆင်းပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဆန္ဒပြသူတွေသေဆုံးမှုမှာ သမ္မတဟောင်း ပတ်သက်နေတယ်လို့ဆိုတဲ့ အမှုတွေအားလုံးကို စနေနေ့က တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒီအပေါ် မကျေနပ်ကြသူတွေက တရားမျှတအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်တွေကနေလည်း မစ္စတာ Mubarak ကင်းလွတ်ခဲ့ပါတယ်။
ဒါပေမဲ့ အလွဲသုံးစားမှုနဲ့ အစောပိုင်းကျထားတဲ့ ၃ နှစ် ပြစ်ဒဏ်နဲ့ သူဟာ ထောင်ဆေးရုံမှာဆက်ပြီး အကျယ်ချုပ်ကျခံရမှာဖြစ်ပါတယ်။ Mubarak
အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးနဲ့ ထိပ်တန်းလုံခြုံရေးအရာရှိ ၆ ယောက်ကိုလည်း တရားသူကြီးက တရားသေလွှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG