သုံးရလွယ်ကူစေသည့် Link များ

တရုတ်နိုင်ငံ Tiananmen အရေးအခင်း နှိမ်နင်းခံခဲ့ရတဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဆုတောင်းပွဲကို ဒီကနေ့ ဟောင်ကောင်မှာ လုပ်ခဲ့တာမှာတော့ လူတွေထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ညနေခင်း Victoria ပန်းခြံမှာ ဒီကနေ့ လုပ်ခဲ့တာမှာတော့ ဖယောင်းမီးတွေ အပြည့်ထွန်းညှိပြီးတော့ အုပ်စုလိုက် တေးသီချင်းတွေကို သီဆိုရင်းနဲ့ တရုတ်ပြည်မကြီးမှာ ၁၉၈၉ ခုနှစ်က ဒီမိုကရေစီရေးလှုပ်ရှားမှုကို သတ်ဖြတ်နှိမ်နင်းခဲ့တဲ့ နေ့နဲ့ပတ်သက်တဲ့ မိန့်ခွန်းတွေကိုလည်း လူတွေက လာရောက် နားထောင်ခဲ့ကြပါတယ်။

ဟောင်ကောင်ပြည်သူတွေဟာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အခွင့်အရေးတွေကို အားပေးထောက်ခံနေတယ်ဆိုတာကို တရုတ်အစိုးရသိဖို့ အရေးကြီးတယ်လို့ ဒီဆုတောင်းပွဲကို စီစဉ်တဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီကနေ့ နှစ်ပတ်လည်နေ့ ဘေဂျင်းမြို့ Tiananmen ရင်ပြင်မှာကတော့ အာဏာပိုင်တွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားတဲ့အတွက် တိတ်ဆိတ်နေပါတယ်။ ရင်ပြင်တ၀ှမ်းမှာ သွားလာလှုပ်ရှားနေကြသူတွေကိုတော့ ရာနဲ့ချီတဲ့ တရုတ်လုံခြုံရေးတွေက မှတ်ပုံတင်တွေကို စစ်ဆေးတာ၊ နောက် ရင်ပြင်မှာ သတင်းယူမယ့် သတင်းထောက်တွေကိုလည်း တားမြစ်တာတွေ လုပ်ခဲ့ပါတယ်။

ထောင်နဲ့မချီရင်တောင်မှ ရာနဲ့ချီတဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို စစ်တပ်က သတ်ဖြတ်နှိမ်နင်းခဲ့တဲ့ ၁၉၈၉ ခုနှစ် Tiananmen အရေးအခင်းနဲ့ ပတ်သက်လို့တော့ လူထုအကြား ဟောပြောခွင့်တွေကို တရုတ်အစိုးရက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG