သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်လှုပ်ရှားမှု ၅၄ နှစ်ပြည့် အာရှတလွှားဆင်နွှဲ


တိဘက်လှုပ်ရှားမှု နှစ်ပတ်လည် အထိမ်းအမှတ် တိဘက်လူမျိုးများ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။ (မတ်လ ၁၀ ရက် ၂၀၁၃)။
တိဘက်လှုပ်ရှားမှု နှစ်ပတ်လည် အထိမ်းအမှတ် တိဘက်လူမျိုးများ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ်။ (မတ်လ ၁၀ ရက် ၂၀၁၃)။
တိဘက်ဒေသအပေါ် တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်အုံကြွမှုကြီး မအောင်မြင်ခဲ့တာ ၅၄ နှစ်ပြည့်သွားတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အာရှတလွှားမှာရောက်နေကြတဲ့ တိဘက်လူမျိုးတွေ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ် မအောင်မြင်ခဲ့တဲ့ အုံကြွမှုကြီးရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အဝေးရောက် တိဘက်အစိုးရအခြေစိုက်ရာ အိန္ဒိယနိုင်ငံ ဒရမ်ဆလာ (Dharmsala) မြို့မှာ ရာနဲ့ချီတဲ့
တိဘက်လူမျိုးတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားတယောက် သူ့ကိုယ်သူ မီးရှို့ဖို့ကြိုးစားတာကို ရဲက တားဆီးခဲ့ပါတယ်။ တိဘက်ဒေသအပေါ် တရုတ်တို့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ နယူးဒေလီမြို့မှာရှိခဲ့သလို၊ ထိုင်ဝမ်ကျွန်းမှာလည်း ဆန္ဒပြသူတွေဟာ တိုင်ပေမြို့တော်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။ နီပေါလ်နိုင်ငံ Katmandu မြို့တော်မှာတော့ ရဲတွေ အထူအထပ် ချထားတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေတော့ မဖြစ်ခဲ့ပါဘူး။

နီပေါလ်မှာ တိဘက်လူမျိုး ၂ သောင်းလောက်နေထိုင်ပြီး၊ အဝေးရောက်တိဘက်တွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ တရုတ်ရဲ့အကြီးအကျယ် ဖိအားကို နီပေါလ်အစိုးရခံနေရပါတယ်။ တိဘက်ကို
တရုတ်တို့က သူတို့ရဲ့ ပိုင်နက်တခုအဖြစ် ရာစုနှစ်နဲ့ချီကတည်းက သတ်မှတ်ထားတာဖြစ်ပေမဲ့ တိဘက်တွေကတော့ သီးခြားလွတ်လပ်စွာ ရပ်တည်နေခဲ့တဲ့ သမိုင်းအစဉ်အလာ ရှိတယ်လို့ ပြောပါတယ်။
XS
SM
MD
LG