သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယဉ်ကျေးမှုဆိတ်သုဉ်းအောင် တရုတ်အစိုးရလုပ်နေကြောင်း ဒလိုင်းလားမားဝေဖန်


ယဉ်ကျေးမှုဆိတ်သုဉ်းအောင် တရုတ်အစိုးရလုပ်နေကြောင်း ဒလိုင်းလားမားဝေဖန်
ယဉ်ကျေးမှုဆိတ်သုဉ်းအောင် တရုတ်အစိုးရလုပ်နေကြောင်း ဒလိုင်းလားမားဝေဖန်

တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့မူဝါဒတွေဟာ ယဉ်ကျေးမှုတခုလုံး ကွယ်ပျောက်သွားအောင် လုပ်နေတယ်လို့ ဆိုပြီး တိဘက် ဗုဒ္ဓဘာသာရဟန်းတွေနဲ့ သီလရှင်တွေ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေအတွက် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား က တရုတ်အစိုးရကို ပြစ်တင်ပြောဆို လိုက်ပါတယ်။

အနောက်တောင်ပိုင်း Sichuan ပြည်နယ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အသက် ၃၅ နှစ်အရွယ် မယ်သီလရင်တစ်ပါး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်သလို ဒါဟာ မကြာသေးခင်လတွေအတွင်း ရဟန်းနဲ့သီလရှင်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး တရုတ်အစိုးရ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြကြတဲ့ (၁၁) ကြိမ်မြောက် ဖြစ်ရပ်ပဲဖြစ်ပါတယ်။

တိဘက်ကိုလာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေတောင်မှ တိဘက်မှာ အခြေအနေ ဘယ်လောက်ဆိုးရွားနေတယ် ဆိုတာကို သတိထားမိကြတယ်လို့ ဘုန်တော်ကြီးဒလိုင်းလားမားက ဂျပန်နိုင်ငံမှာ ဒီကနေ့ ပြောလိုက်တာပါ။ ယဉ်ကျေးမှုတစုံလုံး ပျက်သုန်းအောင် လုပ်တာမျိုးတွေ ဖြစ်ပွားနေတယ်လို့လည်း သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ်တာကာလအတွင်း တိဘက်ဒေသကို အုပ်ချုပ်ဖို့အတွက် ခေါင်းမာတဲ့ တရုတ်အစိုးရအရာရှိတွေကို စေလွှတ်ထားတယ်လို့ ဆိုပြီး ဒီလူတွေကြောင့်ပဲ အခုလို ရဟန်းတွေနဲ့ သီလရှင်တွေ အဆုံးစီရင်တဲ့ဖြစ်ရပ်တွေ ဖြစ်ရတာလို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

တရုတ်အစိုးရကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြမှုတွေလုပ်ဖို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက တိုက်တွန်းနေတယ်လို့ဆိုပြီး အရင်က အခုလို ဖြစ်ရပ်တွေဖြစ်ခဲ့တာတွေမှာ ဘုန်းတော်ကြီးဒလိုင်းလားမားက ပြစ်တင်ဝေဖန်တာမျိုး မရှိခဲ့ဘူးလို့ စွပ်စွဲပြောဆိုထားပါတယ်။

XS
SM
MD
LG