သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိဗက္အေရးဆိုင္ရာ ကန္အထူးညႇိဳႏႈိင္းေရးမႉး ခန႔္အပ္


“တိဘက္အေရးကိစၥမ်ားဆိုင္ရာ အထူး ပူးေပါင္းေဆာင္ရြက္ေရးမွဴး” Uzra Zeya

[[Zawgyi/Unicode]]

တိဘက္ ဘာသာေရးေခါင္းေဆာင္ ဒလိုင္းလားမားနဲ႔ တ႐ုတ္အစိုးရအၾကား ေတြ႔ဆုံ ေဆြးေႏြးမႈေတြ ျပန္စႏိုင္ေရးနဲ႔ တိဘက္လူမ်ဳိးေတြရဲ႕ လူ႔အခြင့္အေရးေတြကို ေလးစားလိုက္နာေရးဆိုင္ရာ ကိစၥရပ္ေတြကို ေဆာင္ရြက္မယ့္ “တိဘက္အေရးကိစၥမ်ားဆိုင္ရာ အထူး ပူးေပါင္းေဆာင္ရြက္ေရးမွဴး” အသစ္ကို အေမရိကန္က တနလၤာေန႔မွာ ခန္႔အပ္ တာ၀န္ေပးလိုက္ပါတယ္။

ႏိုင္ငံျခားေရးဌာနရဲ႕ အဆင့္ျမင့္ အရာရွိတဦးျဖစ္သူ -လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Uzra Zeya ကို ဒီရာထူးအတြက္ ခန္႔အပ္ တာဝန္ေပးအပ္ျခင္းဟာ သမၼတ ဘိုင္ဒန္အစိုးရအေနနဲ႔ တိဘက္အေရးကိစၥေတြအေပၚ အေလးေပး ေဆာင္ရြက္ေနတယ္ဆိုတာကို ျပသလိုက္ျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ေျပာပါတယ္။

“လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Uzra Zeya အေနနဲ႔ လက္ရွိ ရာထူးတာဝန္ေတြကို ထမ္းေဆာင္ေနတဲ့ တခ်ိန္တည္းမွာပဲ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံနဲ႔ ဘုန္းေတာ္ႀကီး ဒလိုင္းလားမား၊ ဒါမွမဟုတ္ သူ႔ရဲ႕ကိုယ္စားလွယ္ေတြ၊ သို႔တည္းမဟုတ္ ဒီမိုကေရစီ နည္းလမ္းတက် ေရြးေကာက္ တင္ေျမႇာက္ထားတဲ့ တိဘက္ေခါင္းေဆာင္ေတြအၾကား ေတြ႔ဆုံေဆြးေႏြးမႈ ျဖစ္ေပၚလာေအာင္ လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္” လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။

ဒါ့အျပင္ လက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီးအေနနဲ႔ လူ႔အခြင့္အေရး၊ လြတ္လပ္စြာ ကိုးကြယ္ပိုင္ခြင့္နဲ႔ ယုံၾကည္ပိုင္ခြင့္ အပါအ၀င္ တိဘက္လူမ်ဳိးေတြရဲ႕ အေျခခံ အခြင့္အေရးေတြကို ေလးစားလိုက္နာေရးတို႔ကိုလည္း ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီး Blinken က ေျပာပါတယ္။

ဒီေၾကညာခ်က္ေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား တင္းမာမႈေတြ ပိုရွိလာႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

တိဗက်အရေးဆိုင်ရာ ကန်အထူးညှိုနှိုင်းရေးမှုးခန့်အပ်

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့ တရုတ်အစိုးရအကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေးနဲ့ တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်မယ့် “တိဘက်အရေးကိစ္စများဆိုင်ရာ အထူး ပူးပေါင်းဆောင်ရွက်ရေးမှူး” အသစ်ကို အမေရိကန်က တနင်္လာနေ့မှာ ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အဆင့်မြင့် အရာရှိတဦးဖြစ်သူ -လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကို ဒီရာထူးအတွက် ခန့်အပ် တာဝန်ပေးအပ်ခြင်းဟာ သမ္မတ ဘိုင်ဒန်အစိုးရအနေနဲ့ တိဘက်အရေးကိစ္စတွေအပေါ် အလေးပေး ဆောင်ရွက်နေတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya အနေနဲ့ လက်ရှိ ရာထူးတာဝန်တွေကို ထမ်းဆောင်နေတဲ့ တချိန်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဒါမှမဟုတ် သူ့ရဲ့ကိုယ်စားလှယ်တွေ၊ သို့တည်းမဟုတ် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားတဲ့ တိဘက်ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး Blinken က ပြောပါတယ်။

ဒါ့အပြင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နဲ့ ယုံကြည်ပိုင်ခွင့် အပါအဝင် တိဘက်လူမျိုးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားလိုက်နာရေးတို့ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီး Blinken က ပြောပါတယ်။

ဒီကြေညာချက်ကြောင့် တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေ ပိုရှိလာနိုင်ပါတယ်။

#USTibet #USSpecialCoordinatorForTibetanIssues #VOABurmese

#တိဘက် #ဒလိုင်လားမား #UzraZeya #လူ့အခွင့်အရေး #ဗွီအိုအေ

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG