သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် တိဘက် ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးကြပြီ


ပြည်ပရောက် တိဘက် ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးကြပြီ

အိန္ဒိယနိုင်ငံ ဒါရမ်စလာမြို့မှာ အခြေစိုက်တဲ့ တိဘက် အဝေးရောက် အစိုးရရဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေနဲ့ တိဘက် ခေါင်းဆောင်သစ်ကို ရွေးချယ်ကြဖို့ ကမ္ဘာတ၀န်းက တိဘက်လူမျိုးတွေ ဒီကနေ့ မဲပေးခဲ့ကြပါတယ်။

ကမ္ဘာတ၀န်းက ရောက်ရာနိုင်ငံ ဒေသတွေမှာ ဖန်တီးထားတဲ့ မဲရုံတွေမှာ တိဘက်လူမျိုးတွေ သွားရောက် မဲပေးခဲ့ကြပြီးတော့ တိဘက် အဝေးရောက် အစိုးရ ၀န်ကြီးချုပ် အသစ်ကို အဓိက မဲပေးခဲ့ကြတာပါ။

ဒီကနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲကနေ ရွေးချယ်လိုက်တဲ့ တရားဝင် ကိုယ်စားလှယ်လောင်းတွေဟာ ရှေ့နှစ် မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် အနာဂတ် တိဘက်ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်မယ့် နောက်ဆုံးရွေးကောက်ပွဲမှာ ထပ်ပြီး ယှဉ်ပြှိင်ကြရမှာ ဖြစ်ပါတယ်။

ဆမ်ဒေါင်း ရင်းပို့စ် (Samdhong Rinpos) ဟာ လက်ရှိ တိဘက် အဝေးရောက် အစိုးရရဲ့ ၀န်ကြီးချုပ် ဖြစ်ပြီးတော့ သူဟာ ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ပြီးရင် ဒုတိယ သြဇာအကြီးမားဆုံး တိဘက်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အဝေးရောက် တိဘက်တို့ရဲ့ ရွေးကောက်ပွဲမှာ တိဘက်လူမျိုး ၇၂,၀၀၀ က မဲပေးဖို့ မှတ်ပုံတင်ခဲ့ကြပေမဲ့ အဲဒီဦးရေရဲ့ ၂၇ % ကသာ မဲပေးခဲ့ကြပါတယ်။

ကမ္ဘာတ၀န်းမှာ အဝေးရောက် တိဘက်လူမျိုး ၁၄၀,၀၀၀ ရှိပြီး ၁၀၀,၀၀၀ လောက်က အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြပါတယ်။ ဒီနေ့ ရွေးကောက်ပွဲမှာတော့ တိဘက်လူမျိုး ၇၉,၅၀၀ က မဲပေးဖို့ မှတ်ပုံတင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲ စီစဉ်သူတွေက ဆိုပါတယ်။

XS
SM
MD
LG