သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်မြေပြို ရွှေတွင်းလုပ်သား ၈၀ ကျော် ရှာမတွေ့သေး


တိဘက်မိုင်းတွင်းမြေပြိုရာနေရာမှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားများ ရှာဖွေနေစဉ်။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။
တိဘက်တောင်တန်းဒေသ ရွှေတူးထုတ်လုပ်တဲ့ မိုင်းတွင်းတခုမှာမြေပြိုကျတဲ့အတွက် အလုပ်သမား ၈၃ ယောက် ပိတ်မိနေခဲ့ပြီး နောက်တနေ့မှာ ရုပ်အလောင်း ၁ လောင်းတွေ့ရှိခဲ့ပြီး အသက်ရှင်လျက် တယောက်မှ ရှာဖွေမတွေ့သေးဘူးလို့ တရုတ်နေ့စဉ်သတင်းမီဒီယာက ဖော်ပြပါတယ်။

သောကြာနေ့မနက်ခင်းက တိဘက်မြို့တော် အရှေ့ဘက် ၄၃ မိုင်လောက်အကွာ Lhasa မြို့မိုင်းတူးလုပ်ငန်းမှာ ၃ ကီလိုမီတာ ပတ်လည်ကျယ်ဝန်းတဲ့ မြေပြိုကျမှုဖြစ်ခဲ့တာကြောင့် အလုပ်စခန်း တခုလုံး မြေအောက်မြှုပ်သွားခဲ့တာ ဖြစ်တယ်လို့ တရုတ်အစိုးရ Xinhua သတင်းဌာနကဖော်ပြပါတယ်။

အမြင့် ၄,၆၀၀ မီတာမှာရှိပြီး ရေခဲအောင်အေးနေတဲ့ ရာသီအောက်မှာ နောက်ထပ် ဆက်ဖြစ်နေတဲ့ အသေးစား မြေပြိုမှုတွေကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ရာသီကြောင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ပေးထားတဲ့ ခွေးတွေ ကောင်းကောင်းအလုပ် မလုပ်နိုင်ဘူးလို့လည်း သိရပါတယ်။ ကယ်ဆယ်ရေးလုပ်သား ၁,၀၀၀ လည်း အဲဒီဒေသကို ရောက်လာပြီး ဖြန့်ကျက်ရှာဖွေမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။
XS
SM
MD
LG