သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ဘာသာစကား ကန့်သတ်မှု တရုတ်အပေါ် ဒလိုင်းလားမား ဝေဘန်


တိဘက်ဒေသက ကျောင်းတွေမှာ ညွှန်ကြားချက်တွေကို တိဘက်ဘာသာနဲ့ ဆက်လက် အသုံးမပြုတော့ဖို့ တရုတ်အစိုးရက စီစဉ်နေတာကို ဘုန်းတော်ကြီး ဒလိုင်း လားမားက ပြစ်တင်ဝေဘန်လိုက်ပါတယ်။

တိဘက်ဒေသက ကျောင်းတွေမှာ ညွှန်ကြားချက်တွေကို တိဘက်ဘာသာနဲ့ ဆက်လက် အသုံးမပြုတော့ဖို့ တရုတ်အစိုးရက စီစဉ်နေတာကို ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) က ပြစ်တင်ဝေဘန်လိုက်ပါတယ်။ တိဘက် ဘာသာစကားဟာ အင်မတန်ကြွယ်ဝတဲ့ ဘာသာစကား တမျိုးဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ဘုန်းတော်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တိဘက်လူမျိုးတွေအနေနဲ့လည်း သူတို့ရဲ့ ဘာသာစကားကို မြတ်နိုး တန်ဘိုးထား ဂုဏ်ယူကြတယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမား က ပြောဆိုခဲ့တာပါ။ ကျောင်းတွေမှာ တိဘက်ဘာသာစကား အသုံးပြုမှုကို ကန့်သတ်လိုက်တဲ့အတွက် တရုတ်နိုင်ငံထဲမှာ ဆန္ဒပြမှုတွေရှိခဲ့တယ်လို့လည်း ဘုန်းတော်ကြီးက ပြောပါတယ်၊ ကျင်ဟိုင်း(Qinghai) ပြည်နယ်က ဆန္ဒပြပွဲမှာ လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆန္ဒပြခဲ့ကြသလို၊ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာလည်း ဒီအစီအစဉ်ကို ပယ်ဖျက်ဖို့ ဆရာ၊ ဆရာမ ရာပေါင်းများစွာက ပြည်နယ်တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့လကပဲ လက်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။

ကျင်ဟိုင်းပြည်နယ် တာဝန်ရှိသူတွေဘက်ကတော့ တိဘက်လူမျိုးတွေကို တရုတ်လူ့ဘောင်ထဲမှာ ပိုပြီး တသားတည်း ဝင်ဆန့်လာအောင် ဒီလို စီစဉ်ရတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ကြတာာပါ။

XS
SM
MD
LG