သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးရှို့ဆန္ဒပြသူ တိဘက်သီလရင် သေဆုံး

မီးရှို့ဆန္ဒပြသူ တိဘက်သီလရင် သေဆုံး
မီးရှို့ဆန္ဒပြသူ တိဘက်သီလရင် သေဆုံး

အသက် ၁၈ နှစ်အရွယ် တိဘက်လူမျိုး ဗုဒ္ဓဘာသာဝင် မယ်သီလရှင် တစ်ပါးဟာ တရုတ်နိုင်ငံ အနောက်ပိုင်း စီချွမ်ပြည်နယ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြ သတ်သေသွားခဲ့ပါတယ်။ Tenzin Choedon လို့ အမည်ရတဲ့ တိဘက်ဗုဒ္ဓဘာသာ မယ်သီလရှင်ရဲ့ ရုပ်အလောင်းကို တရုတ်လုံခြုံရေး တပ်ဖွဲ့တွေက ချက်ချင်း လာသိမ်းသွားခဲ့တယ်လို့ တိဘက် တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

တိဘက်အရှေ့ပိုင်း Aba ပြည်နယ်မှာရှိတဲ့ သီလရင် Tenzin Choedon သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်ကို ချက်ချင်း ချိတ်ပိတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ သီလရင် Tenzin Choedon သေဆုံးမှုအပြီး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ သေကြောင်းကြံခဲ့တဲ့ တိဘက်ပြည်သူ အရေအတွက် စုစုပေါင်း တစ်ဒါဇင်ကျော်သွားပြီ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက အဆိုးဆုံး အခြေအနေရောက်ခဲ့တဲ့ တရုတ်ပြည်လက်အောက် တိဘက်ဒေသက တရုတ်ဆန့်ကျင် ဆန္ဒပြပွဲတွေဟာ ခုလပိုင်းတွေအတွင်း ပိုပြီး သိသိသာသာ များပြားလာခဲ့ပါတယ်။ ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နဲ့ လန်ဒန် အခြေစိုက် တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့တွေကြောင့် ခုလို လူထုအုံကြွမှုတွေ ဖြစ်ရတာလို့ တရုတ်အစိုးရက စွပ်စွဲပြောဆိုပါတယ်။ ၁၉၅၀ ခုနှစ်ကာလတွေကတည်းက တိဘက်ဒေသကို တရုတ်နိုင်ငံက အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG