သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ဒေသ လွတ်မြောက်ရေး မီးရှို့ဆန္ဒပြသူသေဆုံး


တရုတ်အစိုးရရဲ့ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံ အနောက်ဘက် Qinghai ဒေသမှာ တိဘက် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် သွားတဲ့အတွက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ တိဘက်လှုပ်ရှားသူ အသိုင်းအဝိုင်းက ပြောပါတယ်။ Yushu တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာရှိတဲ့ Zadoi မြို့နယ်မှာ စနေနေ့က အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဗွီအိုအေကို ပြောပြခဲ့ကြတာပါ။

အသက် ၂၇ နှစ် အရွယ်ရှိ Yungdung ဆိုသူဟာ တိဘက်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ပြီး တရုတ်ဈေးဆိုင်တွေရှေ့ ဖြတ်လျှောက်ပြီး မီးရှို့သတ်သေခဲ့တာလို့ Yushu ဒေသခံတွေနဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်ဆလာအရပ်က တိဘက်အရေး လှုပ်ရှားသူ အသိုင်းအဝိုင်းက ပြောပါတယ်။ မသေမီမှာ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့ တရုတ်အစိုးရဟာ တိဘက် ဘာသာရေးကို ဖျက်ဆီးနေတယ် ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုသေဆုံးမှုနဲ့ပါဆိုရင် ၂၀၀၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံ တိဘက်ဒေသမှာ ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ လူပေါင်း ၅၂ ယောက်အထိ ရှိသွားပါပြီ။ ဒီအထဲမှာ ၄၂ ယောက် ကတော့ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း အဝေးရောက် တိဘက်အစိုးရက ပြောပါတယ်။
XS
SM
MD
LG