သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးရှို့ဆန္ဒပြမှု ကြိုတင်သတင်းပေးသူ တရုတ် ဆုချီးမြှင့်မည်


တိဘက်မြေအား သိမ်းပိုက်ထားမှုကို မကျေနပ်၍ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြမှု။
တိဘက်မြေအား သိမ်းပိုက်ထားမှုကို မကျေနပ်၍ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြမှု။
ကိုယ့်ကိုယ်ကိုယ် မီရှို့ပြီး ဆန္ဒပြမှုတွေ ပပျောက်စေဖို့ ကြိုးစားတဲ့အနေနဲ့ ဒီကိစ္စ သတင်းပေးတဲ့သူကို ဆုငွေပေးမယ်လို့ တရုတ်အာဏာပိုင် တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မီးရှို့သတ်သေဖို့ ကြံစည်နေတဲ့သူကိုတွေ့လို့ လာပြီးသတင်းပေးတဲ့သူ ဘယ်သူ့ကိုမဆို ဆုငွေ ဒေါ်လာ ၈,၀၀၀ ပေးမယ်လို့ ကန်ဟို (Kanlho) ခရိုင်က အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဒါ့အပြင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုကိုယ်မီးရှို့ အဆုံးစီရင်မှုတွေနဲ့ ပတ်သက်ပြီး သေချာတဲ့ သတင်းအချက်အလက် တစုံတရာ ပေးနိုင်သူကိုပါ ဆုငွေဒေါ်လာ ၃၀,၀၀၀ ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ငါးရက် အတွင်းမှာပဲ တရုတ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို မကျေနပ်လို့ ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်သူ တိဘက်သုံးဦး ရှိခဲ့ပါတယ်။ ဒီလထဲမှာပဲ ဒီလို မီးရှို့ဆန္ဒပြသူ တိဘက်ခြောက်ဦး သေဆုံးခဲ့ရတာပါ။

အခုလိုပုံစံနဲ့ ဆန္ဒပြမှုတွေဟာ အဝေးရောက်တိဘက်တွေ နယ်မြေခွဲထွက်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ် ထဲက တခုဖြစ်ပြီး ဒါဟာ အကြမ်းဘက် လုပ်ရပ်လို့ တရုတ်အစိုးရက ကာလအတော်ကြာကတည်းက စွပ်စွဲထားခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်လီ (Hong Lei) က အခုလို ဆန္ဒပြမှုတွေဟာ ဘုန်းတော်ကြီး ဒလိုင်လားမားကြောင့်ဖြစ်ပြီး ဒါဟာ စက်ဆုပ်ဖွယ်ကောင်းသလို လူထုကလည်း ရှုတ်ချထိုက်တယ်လို့ ပြောပါတယ်။ ဘုန်းတော်ကြီးနဲ့ အဝေးရောက်တိဘက် အစိုးရကတော့ အကြမ်းဘက်မှုအားလုံးကို သူတို့ ဆန့်ကျင်ကြောင်း ပြောပါတယ်။
XS
SM
MD
LG