သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျေရုဆလင်မြို့ဟောင်းနေရာ လုံခြုံရေးတင်းကြပ်


ဂျေရုဆလင်မြို့ဟောင်းမှာ ဂျူးလူမျိုးတို့အတွက် ဘာသာရေးအရ အထွဋ်အမြတ်ဖြစ်တဲ့ Temple Mount နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ Al-Aqsa ဗလီရှိတဲ့နေရာမှာ ဒီနေ့တနင်္ဂနွေနေ့မှာ လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ ဂျူးလူမျိုးတို့ရဲ့ Passover ဘာသာရေးပွဲတော်နေ့အထိမ်းအမှတ် Temple Mount နေရာကို အများအပြားလာနေကြသလို အစ္စလာမ်ဘာသာဝင်တွေကလည်း ရာမဒမ်အတွက် လာရောက်ဝတ်ပြုနေကြတဲ့အတွက် အစ္စရေးလုံခြုံရေးတွေကို အထူအထပ်ချထားတာ ဖြစ်ပါတယ်။

ဒီပရဝဏ်ထဲကို အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ လာရောက်နိုင်ပေမဲ့၊ ဝတ်ပြုခွင့်မရှိဘဲ အစ္စလာမ်ဘာသာဝင်တွေသာ ဝတ်ပြုနိုင်တယ်လို့ သတ်မှတ်ထားတာကြောင့် လုံခြုံရေးယူနေတဲ့ အစ္စရေးရဲတွေက လာရောက်သူတွေကို ထိပ်တိုက်မတွေ့အောင် စောင့်ကြပ်နေပါတယ်။

Al-Aqsa ဗလီနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Western Wall နေရာမှာတော့ ထောင်နဲ့ချီတဲ့ ဂျူးဘာသာဝင်တွေ လာရောက်ဆုတောင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပါတ်က လက်နက်တွေ၊ ခဲ၊ တွေနဲ့ လူငယ်တချို့ ဗလီထဲမှာရှိနေတယ်လို့ဆိုပြီး အစ္စရေးရဲတွေ ဗလီထဲ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လုံခြုံရေးအခြေအနေတင်းမာနေတာပါ။

စနေနေ့ကတော့ ဆီးရီးယားဖက်ကနေ အစ္စရေးလ်ဘက်ကို ဒုံးကျည် ၆ ခု နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးတို့က ပြောပါတယ်။ အစ္စရေးဘက်ကလည်း ဆီးရီးယားမှာရှိတဲ့ ပစ်မှတ်တွေကို ပြန်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

=== Unicode ====




စနနေေ့ကတော့ ဆီးရီးယားဖကျကနေ အစ်စရေးလျဘကျကို ဒုံးကညြျ ၆ ခု နဲ့ တိုကျခိုကျခဲ့တယျလို့ အစ်စရေးတို့က ပွောပါတယျ။ အစ်စရေးဘကျကလညျး ဆီးရီးယားမှာရှိတဲ့ ပဈမှတျတှကေို ပွနျပွီးတိုကျခိုကျခဲ့တယျလို့ ပွောကွားခဲ့ပါတယျ။

XS
SM
MD
LG