သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရာထူးက ဖယ်ရှားခံရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ဒီကနေ့ပဲ ရာထူးက ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ Mike Pompeo ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။ ဝန်ကြီး Tillerson နေရာမှာ ထာဝန်ယူမယ့် CIA ညွှန်ကြားရေးမှူးနေရာမှာတော့ ပထမဆုံး အမျိုးသမီး CIA အကြီးအကဲအဖြစ် Gina Haspel နဲ့ အစားထိုးလိုက်ပါတယ်။

ဝန်ကြီး Tillerson ကို အခုချိန်မှာ ရာထူးကနေဖယ်ရှား လိုက်တာဟာ ၊ သမ္မတထရမ့် အနေနဲ့ လာမယ့် မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ နဲ့ လက်ရှိသွားနေတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ မတိုင်ခင် လူသစ်တွေနဲ့ အစားထိုးလုပ်ဆောင်သွားချင်တာ ဖြစ်တယ်လို့ အိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတဦးက ဒီကနေ့ ပြောပါတယ်။

Rex Tillerson လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း နဲ့ Gina Haspel က CIA အဖွဲ့ရဲ့ ပထမဆုံးအမျိုးသမီး ညွှန်ကြားရေးမှူးအသစ်အဖြစ်နဲ့ တာဝန်ယူ သွားမှာဖြစ်တယ်လို့ သမ္မတထရမ့်က တွစ်တာစာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး Steve Goldstein ရဲ့ အဆိုအရတော့ ဝန်ကြီး Tillerson ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဆက်ပြီးရှိသွားဖို့ စီစဉ်ထားတာဖြစ်ပြီး၊ သူ့ကိုအခုလိုဖြုတ်လိုက်တဲ့အပေါ် အံ့သြနေခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဝန်ကြီး Tillerson ဟာ သမ္မတထရမ့် နဲ့ စကားပြောခဲ့တာမရှိသလို၊ သူ့ကိုဘာကြောင့်ဖြုတ်ပစ် လိုက်သလဲဆိုတာကိုလည်း မသိဘူးလို့လည်း ဆက်ပြောပါတယ်။

သမ္မတထရမ့် နဲ့ မစ္စတာ Tillerson တို့ဟာ ကိစ္စရပ်အတော်များများ နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG