သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ Time မဂ္ဂဇင်း အထူးခြားဆုံးပုဂ္ဂိုလ် #metoo အမျိုးသမီးတွေကို ရွေးချယ်


Time Person of the Year 2017
Time Person of the Year 2017

ကမ္ဘာကျော် Time မဂ္ဂဇင်းက ၂၀၁၇ ခုနှစ်အတွက် အထူးခြားဆုံးပုဂ္ဂိုလ် Person of the Year အဖြစ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုနဲ့ စော်ကားမှုကိစ္စကို လူတွေ စိတ်ဝင်စား လာအောင် စတင်ကြိုးပမ်းခဲ့တဲ့ အမျိုးသမီးတွေကို ရွေးချယ်လိုက်ပါတယ်။

The Silence Breakers လို့ခေါ်တဲ့ နှုတ်ဆိတ်နေမှုကို ထိုးဖောက်တဲ့ အမျိုးသမီးတစုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခေါင်းငုံ့ခံမနေဘဲ သတ္တိရှိရှိ စတင်ဖော်ထုတ်သူတွေဖြစ်ပြီး #metoo လို့ခေါ်တဲ့ လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုနဲ့ပတ်သက်ပြီးဖော်ထုတ်တဲ့ လှုပ်ရှားမှု တရပ်ကို စတင်သူတွေပဲ ဖြစ်တယ်လို့ Time မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Edward Felsenthal က ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ လူတဦးချင်းရဲ့ သတ္တိရှိတဲ့ လုပ်ရပ်တွေကြောင့် ကြီးမားတဲ့ လူမှုရေး အပြောင်းအလဲ တရပ်ကို စတင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

The Silence Breakers - အမျိုးသမီးတွေရဲ့စာရင်းထဲ ဖော်ပြခြင်းခံရသူတွေမှာ ဟောလိဝု်ဒ် ရုပ်ရှင်သူဌေး ဟာဗီ ဝိုင်းစတိုင်းအပြင် တခြားနာမည်ကြီးသူတွေပါဝင်ပြီး သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအကြောင်းတွေကို လူသိရှင်ကြား ဖော်ထုတ်ရာမှာ "#metoo"သင်္ကေတသုံးပြီး မိမိတို့လည်း အလားတူ ကြုံတွေ့ခဲ့ရတယ် ဆိုတဲ့ အကြောင်း ကို အမျိုးသမီးတွေက အင်္ဂလိပ်ဘာသာအပြင် တခြားဘာသာတွေနဲ့လည်း ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ Person of the year အဖြစ် ရွေးချယ်ဖို့ စဉ်းစားရာမှာ သမ္မတ ဒေါ်နယ်ထရမ့် က ဒုတိယ လိုက်ပြီး တတိယနေရာမှာတော့ တရုတ်သမ္မတ ရှီကျင့်ပင်ပဲဖြစ်ပါတယ်။

သူတို့နောက်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မဲန် စသူတို့ ရှိပါတယ်။ တိုင်းမ် မဂ္ဂဇင်းက တနှစ်အတွင်း ထူးခြားသူတွေကို အခုလို ရွေးချယ်လာခဲ့တာဟာ ဒီအကြိမ်ဟာ ၉၁ နှစ်မြောက် ဖြစ်ပါတယ်။

Time Person of the Year 2017
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG