သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း လူထုလှုပ်ရှားမှုတွေကို Time မဂ္ဂဇင်းဂုဏ်ပြု


ကမ္ဘာတဝှမ်း လူထုလှုပ်ရှားမှုတွေကို Time မဂ္ဂဇင်းဂုဏ်ပြု
ကမ္ဘာတဝှမ်း လူထုလှုပ်ရှားမှုတွေကို Time မဂ္ဂဇင်းဂုဏ်ပြု

အရှေ့အလယ်ပိုင်းဒေသနဲ့ ကမ္ဘာတဝှမ်းမှာ မကြုံစဖူး အပြောင်းအလဲတွေ ဖြစ်စေခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အခြေစိုက် ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကနေ ဒီနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် “ဆန့်ကျင်သူ” ဆိုပြီး မဂ္ဂဇင်းရဲ့ မျက်နှာဖုံးနဲ့ အထူးဆောင်းပါး ဖော်ပြပါတယ်။

မနေ့ကထုတ်ဝေဖြန့်ချိတဲ့ တိုင်းမ်မဂ္ဂဇင်းထဲက ဆောင်းပါးမှာ ကမ္ဘာ တဝှမ်းက လူငယ်လူရွယ်တွေဟာ နိုင်ငံရေးစွမ်းအင် နည်းပါးနေတာတွေနဲ့ စီးပွားရေး ကျဆင်းနေတဲ့ ကိစ္စတွေကို စိတ်ပျက်နေပြီး ကြီးမားတဲ့ လူထုဆန္ဒပြ လှုပ်ရှားမှုကြီးတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာဆိုရင် တူနီးရှား နိုင်ငံကနေ စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုဟာ အီဂျစ်၊ ယီမင်နဲ့ လစ်ဗျားနိုင်ငံတွေအထိ ပျံ့နှံ့သွားခဲ့ပြီး အဲဒီလှုပ်ရှားမှုတွေရဲ့ ရလဒ်ကတော့ အစိုးရအပြောင်းအလဲတွေ ဖြစ်ပေါ်လာတာပဲလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာလည်း ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေတွေနဲ့ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေတာတွေကို မကျေနပ်လို့ ဆန္ဒတွေပြခဲ့ကြပါတယ်။ ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြမှုတွေက နိုင်ငံရေးပါတီတွေနဲ့ မပတ်သက်ဘဲ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အဲဒီလူထုလှုပ်ရှားမှုတွေကြောင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကို ပြောင်းလဲလာစေခဲ့တယ်လို့လည်း တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG