သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Titanic မင်းသား ကျားကောင်ရေ တိုးရေး ဆောင်ရွက်


အမေရိကန်နိုင်ငံက နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုက နီပေါနိုင်ငံမှာရှိတဲ့ ကျားသတ္တဝါတွေ အတွက် ကူညီထောက်ပံ့မှုတွေ ပေးလိုက် ပါတယ်။ နီပေါနိုင်ငံ အစိုးရ ရဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ရံပုံငွေအတွက် လီယိုနာဒို ဒီကာပရီယို ဖေါင်ဒေးရှင်း ကနေ အမေရိကန် ဒေါ်လာ သန်း ၃ ထောင် ထောက်ပံ့ပေးခဲ့ပါတယ်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ WWF ရဲ့ အဆိုအရ ဒီငွေကြေးကို ၂၀၂၂ နီပေါနိုင်ငံမှာ ကျားသတ္တဝါ အရေအတွက် ၂ ဆ တိုးလာအောင် ဆောင်ရွက်ရာမှာ အသုံးပြုမယ်လို့ ပြောပါတယ်။

တိုက်တန်းနစ်၊ The Grate Gatsby စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား လီယိုနာဒို ဟာ သူ့ရဲ့ ငွေကြေးကို ထိုက်ထိုက်တန်တန် အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းပြောပါတယ်။

ဒီကာပရီယို ဖေါင်ဒေးရှင်းဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ဖို့အတွက် တည်ထောင်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG