သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Titanic တယော ဒေါ်လာ ၁.၄ သန်းနဲ့ လေလံဆွဲ


Titanic သင်္ဘောနစ်တဲ့အထိ တီးမှုတ်သွားတဲ့ သံစုံတီးဝိုင်းခေါင်းဆောင် Wallace Hartley နဲ့ သူနောက်ဆုံးတီးခတ်သွားတဲ့ ဒေါ်လ ၁.၄ သန်းနဲ့ လေလံတင်ရောင်းချလိုက်တဲ့ တယော။
Titanic သင်္ဘောနစ်တဲ့အထိ တီးမှုတ်သွားတဲ့ သံစုံတီးဝိုင်းခေါင်းဆောင် Wallace Hartley နဲ့ သူနောက်ဆုံးတီးခတ်သွားတဲ့ ဒေါ်လ ၁.၄ သန်းနဲ့ လေလံတင်ရောင်းချလိုက်တဲ့ တယော။
နစ်သွားတဲ့ Titanic ဇိမ်ခံ သင်္ဘောပေါ်က သံစုံတီးဝိုင်းရဲ့ ခေါင်းဆောင်ထိုးတဲ့ တယောကို ဒေါ်လာ 1.4 သန်းနဲ့ ရောင်းလိုက်ရပါတယ်။ အင်္ဂလန်တောင်ပိုင်း လေလံပွဲတခုမှာ စနေနေ့က လေလံ စ ပစ်ပြီး မကြာခင်မှာပဲ တယောကို ရောင်းလိုက်နိုင်တာ ဖြစ်ပါတယ်။

ဝယ်သွားသူဟာ ယူကေနိုင်ငံကပဲဖြစ်ပြီး Titanic အမှတ်တရ ပစ္စည်းတွေထဲမှာ စံချိန်တင်အောင် ဈေးအများဆုံး ဖြစ်တယ်လို့ Titanic သင်္ဘောထဲက ပစ္စည်းတွေကို အဓိကလေလံတင်တဲ့ Henry Aldridge and Son လေလံကုမ္ပဏီက ပြောပါတယ်။

ကမ္ဘာတဝန်းက အမှတ်တရပစ္စည်းစုဆောင်းသူတွေကြားမှာ ဒီတယောကို ဝယ်ချင်သူတွေများတယ်လို့ လေလံကုမ္ပဏီကဆိုပါတယ်။ Titanic သင်္ဘောကြီးနစ်နေစဉ်မှာ စွန့်ခွာမသွားဘဲ တီးမှုတ်ခဲ့တဲ့ တီးဝိုင်းအဖွဲ့ ခေါင်းဆောင် Wallace Hartley ပိုင် တယောဖြစ်ပါတယ်။ အဲဒီတီးဝိုင်းအဖွဲ့ဝင်တွေအားလုံး သေဆုံးခဲ့ကြပါတယ်။

ပေါလောပေါ်နေတဲ့ Wallace Hartley ရဲ့ အလောင်းနဲ့အတူ သူ့ရဲ့ ကိုယ်မှာ သိုင်းထားတဲ့ တယောကို နောက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အင်္ဂလန်တောင်ပိုင်းကနေ NY မြို့ဆီကိုသွားတဲ့ Titanic ဇိမ်ခံသင်္ဘောကြီးဟာ 1912 ခုနှစ် April လ ၁၅ ရက်နေ့မှာ ရေခဲတုံးကြီးနဲ့တိုက်မိပြီး နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောပေါ်ပါ ခရီးသည် ၁၅၀၀ ကျော်လည်း သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG