ျမန္မာ့ႏိုင္ငံေရးကို လူမ်ိဳးဘာသာစြဲ အတၱဘာဝႏိုင္ငံေရး (Identity Politics) အျဖစ္ ပညာရပ္ေလ့လာေနၾကသူတခ်ိဳ႕က သုံးသပ္ၾကပါတယ္။ လြတ္လပ္ေရး လႈပ္႐ွားမႈကာလအတြင္း လက္ဝဲအယူအဆကို ၫြတ္ခဲ့ၿပီး၊ လြတ္လပ္ေရးရအၿပီး၊ တပ္ရင္း (၃) နဲ႔ တပ္ရင္း (၅) တို႔ ေတာခိုသြားၾကၿပီးတဲ့ ေနာက္မွာေတာ့ ျမန္မာ့တပ္မေတာ္ရဲ႕ ႏိုင္ငံေရးက အမ်ိဳးသားေရး ဆို႐ွယ္လစ္ဝါဒ ျဖစ္လာခဲ့ပါတယ္။ အထူးသျဖင့္ ၁၉၈၈ ေနာက္ပိုင္းမွာေတာ့ တပ္မေတာ္ရဲ႕ အမ်ိဳးသားေရးဟာ လူမ်ိဳး၊ဘာသာစြဲ အမ်ိဳးသားေရး လက်္ာစြန္း ႏိုင္ငံေရးဘက္ကို ေ႐ြ႕လာေလသလားလို႔ ေလ့လာသူတခ်ဳိ ႔က သုံးသပ္လာၾကပါတယ္။ လူမ်ိဳးနဲ႔ ဗုဒၶဘာသာအေရး ေႂကြးေၾကာ္ေနၾကတဲ့ ႏိုင္ငံေရးကို ဗုဒၶဘာသာ အယူအဆေထာင့္ကပဲ ျပန္လည္သုံးသပ္ၾကည့္ရင္ ဘယ္လို ေတြ႔ရပါမလဲ။ ကေနဒါႏိုင္ငံ York University မွာ ပါရဂူဘြဲ႔ယူဖို႔ ႀကိဳးစားေနတဲ့ ကိုထက္မင္းလြင္နဲ႔ ဦးတင္ေမာင္သန္းက ေဆြးေႏြးတင္ျပထားပါတယ္။
==== unicode ====
မြန်မာ့နိုင်ငံရေးကို လူမျိုးဘာသာစွဲ အတ္တဘာဝနိုင်ငံရေး (Identity Politics) အဖြစ် ပညာရပ်လေ့လာနေကြသူတချို့က သုံးသပ်ကြပါတယ်။ လွတ်လပ်ရေး လှုပ်ရှားမှုကာလအတွင်း လက်ဝဲအယူအဆကို ညွတ်ခဲ့ပြီး၊ လွတ်လပ်ရေးရအပြီး၊ တပ်ရင်း (၃) နဲ့ တပ်ရင်း (၅) တို့ တောခိုသွားကြပြီးတဲ့ နောက်မှာတော့ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးက အမျိုးသားရေး ဆိုရှယ်လစ်ဝါဒ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာတော့ တပ်မတော်ရဲ့ အမျိုးသားရေးဟာ လူမျိုး၊ဘာသာစွဲ အမျိုးသားရေး လကျာ်စွန်း နိုင်ငံရေးဘက်ကို ရွေ့လာလေသလားလို့ လေ့လာသူတချို့က သုံးသပ်လာကြပါတယ်။ လူမျိုးနဲ့ ဗုဒ္ဓဘာသာအရေး ကြွေးကြော်နေကြတဲ့ နိုင်ငံရေးကို ဗုဒ္ဓဘာသာ အယူအဆထောင့်ကပဲ ပြန်လည်သုံးသပ်ကြည့်ရင် ဘယ်လို တွေ့ရပါမလဲ။ ကနေဒါနိုင်ငံ York University မှာ ပါရဂူဘွဲ့ယူဖို့ ကြိုးစားနေတဲ့ ကိုထက်မင်းလွင်နဲ့ ဦးတင်မောင်သန်းက ဆွေးနွေးတင်ပြထားပါတယ်။