ျမန္မာႏိုင္ငံ လြတ္လပ္ေရးရခဲ့တာ ၇၅ ႏွစ္ ႐ွိခဲ့ပါၿပီ။ လြတ္လပ္ေရး လႈပ္႐ွားမႈဟာ သခင္လႈပ္႐ွားမႈ နဲ႔ အ႐ွိန္အဟုန္ ရလာခဲ့တာပါ။ “လူတိုင္းလူတိုင္း လူအလိုက် လူလိုေနျခင္းႏွင့္ လူလိုေနထိုင္ရန္ ၾကံစည္အားထုတ္သူတိုင္း သခင္ဟု ေခၚသည္။ လူတိုင္းလူတိုင္း အခြင့္အေရး တူညီသည္။ သခင္ ျဖစ္ရန္ လိုသည္။” လို႔ ဒို႔ဗမာအစည္းအ႐ုံးရဲ႕ ဒို႔ဗမာဝါဒမွာ ဖြင့္ဆိုခဲ့ပါတယ္။ ဒို႔ဗမာအစည္းအ႐ုံးက ေျပာခဲ့သလို ဒီကေန႔ ျမန္မာေတြ “လူဇာတ္ဝင္” ပါၿပီလား။ လူတိုင္း ရသင့္တဲ့ အခြင့္အေရးေတြ ရေနပါရဲ႕လား။ ဒီတပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ ေခတ္ၿပိဳင္ကမၻာအစီအစဥ္မွာ ဦးတင္ေမာင္သန္းက သမိုင္းပညာ႐ွင္ ေဒါက္တာေအာင္ခင္နဲ႔ ေဆြးေႏြးတင္ျပထားပါတယ္။
==== Unicode =====
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၅ နှစ် ရှိခဲ့ပါပြီ။ လွတ်လပ်ရေး လှုပ်ရှားမှုဟာ သခင်လှုပ်ရှားမှု နဲ့ အရှိန်အဟုန် ရလာခဲ့တာပါ။ “လူတိုင်းလူတိုင်း လူအလိုကျ လူလိုနေခြင်းနှင့် လူလိုနေထိုင်ရန် ကြံစည်အားထုတ်သူတိုင်း သခင်ဟု ခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေး တူညီသည်။ သခင် ဖြစ်ရန် လိုသည်။” လို့ ဒို့ဗမာအစည်းအရုံးရဲ့ ဒို့ဗမာဝါဒမှာ ဖွင့်ဆိုခဲ့ပါတယ်။ ဒို့ဗမာအစည်းအရုံးက ပြောခဲ့သလို ဒီကနေ့ မြန်မာတွေ “လူဇာတ်ဝင်” ပါပြီလား။ လူတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ ရနေပါရဲ့လား။ ဒီတပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ ဦးတင်မောင်သန်းက သမိုင်းပညာရှင် ဒေါက်တာအောင်ခင်နဲ့ ဆွေးနွေးတင်ပြထားပါတယ်။