သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ သံတမန် ဆက်ဆံရေး ဘာရိန်း ဖြတ်တောက်


ရှီယားဘာသာရေးခေါင်းဆောင် ကို ဆော်ဒီ အစိုးရက ကွပ်မျက်လိုက်တဲ့အပေါ် အီရန်က ဆော်ဒီသံရုံးရှေ့ ဆန္ဒပြ။ ( ဇန်နဝါရီ ၃၊ ၂၀၁၆)
ရှီယားဘာသာရေးခေါင်းဆောင် ကို ဆော်ဒီ အစိုးရက ကွပ်မျက်လိုက်တဲ့အပေါ် အီရန်က ဆော်ဒီသံရုံးရှေ့ ဆန္ဒပြ။ ( ဇန်နဝါရီ ၃၊ ၂၀၁၆)

ဆော်ဒီအာရေးဘီးယားနိုင်ငံက အီရန်နဲ့ သံတမန် ဆက်ဆံရေး ဖြတ် တောက်ပြီးနောက် ဆော်ဒီ ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဘာရိန်းနိုင်ငံ ကလည်း အီရိန်နဲ့ သံတမန်ဆက်ဆံရေး ဒီကနေ့ ဖြတ်တောက်လိုက်ပါတယ်။

အီရန်နိုင်ငံက ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်ဖျက်ဆီးပြီးနောက် သံတမန် အဆက်အဆံ အခုလို ဖြတ်တောက်လိုက်ကြတာပါ။ အီရန်သံတမန်တွေအနေနဲ့ ၄၈ နာရီအတွင်း နိုင်ငံတွင်းက ထွက်ခွါဖို့ ဘာရိန်း အာဏာပိုင်တွေက ပြောဆို ထားကြောင်း ဘာရိန်းနိုင်ငံပိုင်သတင်းဌာန BNA က ကြေညာပါတယ်။

ဆော်ဒီအာဏာပိုင်တွေကလည်း အီရန်သံတမန်တွေ ၄၈ နာရီအတွင်း နိုင်ငံတွင်းက ထွက်ခွါသွားဖို့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ တောင်းဆိုထားတာကြောင့် ၄၈ နာရီပြင်ဆင်ချိန်ရပါတယ်။ အခုအခါမှာ အီရန် သံတမန်တွေ ဟာ ဆော်ဒီကနေ ထွက်ခွါဖို့ ပြင်ဆင်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hossein Jaber Ansari က ဒီကနေ့မနက်အစောပိုင်း သတင်းစာရှင်းလင်းပွဲ အတွင်းပြောပါတယ်။

အခုလိုဆော်ဒီအာရေးဘီးယားရဲ့လုပ်ရပ်ဟာ ဒေသတွင်း တင်းမာမှုတွေကြီးထွား လာအောင် အားပေးသလိုဖြစ်နေတယ်ဆိုပြီးတော့လည်း သူက ပြစ်တင်ဝေဖန် သွားပါတယ်။ အထင်ကရ ရှီဟိုက် ဘာသာရေးခေါင်းဆောင် Sheikh Nimr al-Nimr ကို ဆော်ဒီအာရေးဘီးယားက ကွပ်မျက်လိုက်တာကြောင့် တီဟီရန်မှာ ရှိတဲ့ ဆော်ဒီအာရေးဘီးယားသံရုံးကို ဆန္ဒပြသူတွေက ဝင်ရောက် ဖျက်စီးခဲ့သလို Mashhad က ကောင်စစ်ဝန်ရုံးကိုလည်း တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။

အခုအခါမှာ ဆန္ဒပြသူ ၄၀ ထက်မနည်းကို ဖမ်းဆီးထားပြီး တိုက်ခိုက်မှုနဲ့ ပါတ်သတ်လို့ ဒါဟာ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ အီရန်သမ္မတ Hassan Rouhani က ပြောပါတယ်။ ဒါပေမယ့် al-Nimr ကိုသတ်ဖြတ်မှုနဲ့ ပါတ်သတ်ပြီးတော့လည်း ရှုံချဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG