သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးပစ်ဒုံး အစီအစဉ် အီရန် တိုးချဲ့


အီရန်ရဲ့ ဒုံးကျည် အစီအစဉ်
အီရန်ရဲ့ ဒုံးကျည် အစီအစဉ်

အီရန်နိုင်ငံရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုအပြီးမှာ အမေရိကန်ပြည်ထောင်စု က အရေးယူပိတ်ဆို့မှု အသစ်တွေလုပ်ဖို့ ခြိမ်းခြောက်ခဲ့တာကို တုန့်ပြန်တဲ့ အနေနဲ့၊ အီရန် သမ္မတ Hassan Rouhani က အီရန်ရဲ့ တာဝေးပစ် ဒုံးကျည် အစီအစဉ်ကို တိုးချဲ့ဖို့ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကို အမိန့်ပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အီရန်ရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို တရားမဝင် နှောင့်ယှက်ဖို့ ဆက်ပြီးကြိုးစားနေမယ်ဆိုရင်၊ အီရန်ရဲ့ ဒုံးကျဉ်စွမ်းရည်ကို တိုးမြှင့်စေမယ့် အစီအစဉ်သစ်တွေကို စတင်မယ်လို့ Rouhani က ကြာသပတေးနေ့ကပေးပို့ခဲ့တဲ့ တွစ်တာ မက်ဆေ့မှာ ပြောလိုက်ပါတယ်။

သမ္မတ Hassan Rouhani က ခုလို ပြောလိုက်တာနဲ့ ပက်သက်ပြီး၊ အမေရိကန် ပြည်ထောင်စုဟာ အီရန်ရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေ ရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ လုပ်ဆောင်နေတာ ကြာလှပြီဖြစ်တဲ့အတွက် ဒီအတိုင်း ဆက်လုပ်သွားမယ်လို့ အကြီးတန်း အမေရိကန် အရာရှိတစ်ဦးက ဗွီအိုအေကို ပြောသွားပါတယ်။

XS
SM
MD
LG