သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား သိစေချင်တဲ့ ချင်းပြည်နယ် အခြေအနေ


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (၁၂ သြဂုတ် ၂၀၁၃)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (၁၂ သြဂုတ် ၂၀၁၃)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) ချင်းပြည်နယ်ကို လာရောက်တဲ့အချိန်မှာ ချင်းပြည်သူ လူထုအနေနဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေကို တင်ပြစရာရှိတယ်လို့ ချင်းဒေသဖွံ့ဖြိုးရေး လှုပ်ရှားနေသူ တစ်ဦးက ဆိုပါတယ်။

အဓိကအားဖြင့် ခရစ်ယာန်ဘာသာဝင် ချင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး ဗုဒ္ဓဘာသာ စေတီပုထိုးတွေ တည်ဆောက်တာမျိုး မလုပ်စေချင်ဘူးလို့ ဆိုပါတယ်။ ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် အဖွဲ့အစည်းရဲ့ ဒုတိယတာဝန်ခံဖြစ်တဲ့ ကိုဆိုင်မွန်က အခုလိုပြောကြားခဲ့တာပါ။

“ကျနော်တို့အခု ချင်းပြည်နယ်မှာ အခုပြဿနာကတော့ လူ့အခွင့်အရေးပိုင်းမှာ ဆိုလို့ရှိရင် ဘာသာရေးပိုင်းပေါ့နော်၊ အခုလောလောဆယ် ဖလမ်းမြို့နယ်မှာပေါ့နော်၊ အခုလောလောဆယ်ကတော့ ဖလမ်းပြည်သူလူထုတွေကတော့ စေတီတွေ မဆောက်ချင်ကြတာ၊ စေတီတွေ မကြိုက်ကြဘူးပေါ့နော်။ ဒါပေမဲ့ အစိုးရကနေပြီးတော့ သူတို့က စေတီတွေ ဘာတွေ လာဆောက်ချင်ကြတာပေါ့နော်။ ပြည်သူလူထုရဲ့ ဆန္ဒကို မကြည့်ဘူး၊ အဲဒီလို ဆိုထားတယ်လို့ ကျနော်တို့ အဲဒီလိုပဲ ကြားတယ်။ နောက်ပြီးတော့ အခု CNF နဲ့ အစိုးရတွေက အပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးပြီ။”

“လုပ်ထားသော်ငြားလည်း တခြား ဇိုမီးထဲမှာ ဆိုလို့ရှိရင် တချို့လူူတွေက CNF ကို မလိုချင်ဘူး။ ဒေသခံ ဇိုမီးလူထုရဲ့ ဆန္ဒကို နားထောင်ပေးဖို့လည်း လိုတာပေါ့။ အဲဒီလို ဆိုလို့ရှိရင် ညီညွတ်မှု ပိုမိုရှိလာမှာပေါ့နော်။ ဒီလိုနားထောင်လို့ရှိရင်။ အခု မစ္စတာ ကင်တားနား လာမယ် ဆိုလို့ရှိရင် သူက ဘာသာရေး ပိုင်းမှာရော၊ ပြည်သူကြားမှာ စုံစမ်းပြီးတော့မှ အစိုးရဆီမှာ တင်ပြရင် ဘယ်လိုပြောမလဲ သူတို့ရဲ့ ဆန္ဒက အဲဒီလိုပဲ ကျနော်တို့မြင်တယ်။”

အလားတူစွာပဲ ချင်းပြည်နယ် တီးတိန်မြို့နယ် မွဲလ်တောင် နီကယ်သတ္တု စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်း မစ္စတာကင်တားနားကို တင်ပြလိုတယ်လို့ဆိုပါတယ်။ ဒီစီမံကိန်းဟာ လောလောဆယ်မှာတော့ ချင်းပြည်သူပြည်သားတွေ အတွက် အကျိုးမရှိနိုင်တဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားလာမှ လုပ်ဆောင်သင့်တယ်လို့ ကိုဆိုင်မွန်က အခုလိုဆက်ပြောပါတယ်။

“နီကယ်သတ္ထု စီမံကိန်းနဲ့ ပတ်သက်လို့ မွဲလ်တောင်ပေါ့နော်။ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အဲဒီမှာရှိတဲ့ မွဲလ်တောင် ကိစ္စကို ပြည်သူလူထုတွေက အခုလောလောဆယ်မှာ မလုပ်ခိုင်းစေချင်ဘူး။ ဒါပေမဲ့ အစိုးရနဲ့ ကုမ္ပဏီတွေက၊ တရုတ် ကုမ္ပဏီတွေက လက်မှတ်ထိုးပြီးတော့မှ လာလုပ်မယ် ဆိုပြီးတော့ သူတို့က သဘောတူထားတာရှိတယ်။ ဒါပေမဲ့ ချင်းပြည်သူတွေကတော့ အဲဒါလောလောဆယ် မလုပ်ခိုင်းစေချင်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာ တကယ့် ဒီမိုကရေစီ မဟုတ်သေးဘူးပေါ့နော်၊ ပြည်သူလူထုအတွက် အကျိုးမရှိသေးဘူးပေါ့နော်။”

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံ (၇) ကြိမ်မြောက် ပြန်လည်ရောက်ရှိလာ တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မစ္စတာကင်တားနားဟာ ရခိုင်ပြည်နယ်ကို သွားရောက်နေပြီးတော့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုလည်း ကွင်းဆင်း လေ့လာဦးမှာ ဖြစ်ပါတယ်။

သောကြာနေ့မှာ သွားရောက်မယ့် ချင်းပြည်နယ် ခရီးစဉ်ဟာဆိုရင်တော့ မစ္စတာကင်တားနား အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG