သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ အပစ်ရပ်ရေး သဘောတူချက် ရတော့မလား


ယူကရိန်း-ရုရှနယ်စပ်။
ယူကရိန်း-ရုရှနယ်စပ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ နှစ်ဦး သဘောတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး သောကြာနေ့မှာ လက်မှတ်ထိုးနိုင်ရင် ယူကရိန်း - ရုရှားနယ်စပ်မှာ ၅ လကြာလောက် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့ အဆင်သင့်ပဲလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောကြားလိုက်ပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဗြိတိန်မှာ ကျင်းပနေတဲ့ နေတိုး ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ အမေရိကန်သမ္မတ Barack Obama အပါအဝင် အနောက်အုပ်စု ထိပ်တန်း ခေါင်းဆောင်တွေကို သမ္မတ Poroshenko က ကြာသပတေးနေ့မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဦးတည်သွားစေမယ့် သဘောတူညီချက်ကို Belarus နိုင်ငံမြို့တော် Minsk မှာ သောကြာနေ့မှာ လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ ပိုရိုရှန်းကိုးက ပြောပါတယ်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖြစ်ရင် သူတို့ဖက်ကလည်း အပစ်အခတ် ရပ်စဲဖို့ အဆင်သင့်ရှိကြောင်း ခွဲထွက်ရေးသမားတွေက အစောပိုင်း မှာ ပြောထားပြီး ဖြစ်ပါတယ်။ ယူကရိန်းသမ္မတက သတိနဲ့ အပြုသဘောဆောင်တဲ့ဘက်ကို ဦးတည် ပြောဆိုနေပေမယ့်လည်း ကြာသပတေးနေ့ နှောင်းပိုင်းက ယူကရိန်း နယ်စပ်မြို့ဖြစ်တဲ့ Mariupol မြို့အပြင်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါတယ်။

အသေးစိတ် အခြေအနေတွေကို မသိရသေးပေမယ့်လည်း အစိုးရတပ်ဖွဲ့တွေအနေနဲ့ သူတို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာမှာကို စိုင်းပြင်းနေကြတယ်လို့ အစိုးရတပ်ဖွဲ့တွေ ပြောတာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

XS
SM
MD
LG